အောက်တိုဘာ ၉ ရက်၊ မောင်တောတိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဘင်္ဂလီတစ်ဦးအား သေဒဏ်ချမှတ်

အောက်တိုဘာ ၉ ရက်၊ မောင်တောတိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဘင်္ဂလီတစ်ဦးအား သေဒဏ်ချမှတ်
by -
မဇ္ဈိမ
မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ၂၀၁၆ ခု အောက်တိုဘာလ ၉ရက်နေ့က ဖြစ်ပွားခဲ့သည့် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည့် မာမက်နူ(ခ) အူလာ အသက်၂၃ နှစ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

မာမက်နူ(ခ) အူလာသည် မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး  အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုးတန်ကောက် နယ်ခြားစောင့်ရဲဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်စဉ်တွင် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များအားသတ်ဖြတ်ခဲ့သည့်အဖွဲ့အား ဦးဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

“သူတို့ကို တရားလိုလုပ်ပြီး စွဲတာက နယ်ခြားစောင့်ရဲကနေ တရားစွဲတာပါ။ မာမက်နူ(ခ)အူလာကို ပုဒ် ၃၀၂ (၁) (ဂ) ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ထပ်စွဲဆိုထားတဲ့ အမှုတွေလည်းရှိပါတယ်။ ပုဒ်မ ၃၃၃/၃၄၊ လက်နက်ဥပဒေပုဒ်မ၂ (၁) (က)၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆ (၁)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ၁၇ (၁) တို့ဖြင့်လည်း စွဲဆိုထားပါတယ် ’’ ဟု စစ်တွေတရားရုံး၊ မှုခင်းဌာနမှတစ်ဆင့် သိရသည်။

ယင်းအပြင် အောက်တိုဘာ ၉ ရက်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တွေတရားရုံးတွင် တရားစွဲဆိုထားသည့် တိုက်ခိုက်သူ ၁၄ ဦးထဲမှ တစ်ဦးတည်းကိုုသာ   ပြစ်ဒဏ်ချမှတ်နိုင်သေးကြောင်း၊   နောက်ထပ် ၁၃ ဦးတို့အား စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...