ဘင်္ဂလားဒေ့ရှ်က လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ပြန်ခေါ်မည့်ရက် အတည်မပြုသေး

ဘင်္ဂလားဒေ့ရှ်က လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ပြန်ခေါ်မည့်ရက် အတည်မပြုသေး
by -
မဇ္ဈိမ
 လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ပြန်လည်ခေါ်ဆောင်မည့် ရက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဟု သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မေ ၂၆ ရက်တွင် မဇ္စျိမကို ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများက ဒုက္ခသည်များကို စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိသော်လည်း အတည်ပြုခြင်းနှင့် ပြန်လည်ခေါ်ဆောင်မည့်ရက်ကို သတ်မှတ်ထားခြင်းမရှိသေးဟု ဆိုသည်။

"ကျွန်တော်တို့ဆီက လူတွေ အင်ဒိုနီးရှားမှာ ရှိတယ်ဆိုလည်း ဒီအတိုင်းလက်ခံလို့မရဘူး။ စိစစ်ပြီးလက်ခံရမယ် သူတို့လည်း အဲလိုပဲ ဒါကောင်စစ် ထုံးစံဖြစ်တယ် နိုင်ငံခြားရေးက လုပ်ထုံး လုပ်နည်းက  အဲဒီအတိုင်းပဲ လုပ်နေတယ်။ စစ်ပြီးရင် သူတို့လက်ခံလိမ့်မယ်။ ဘယ်နေ့နောက်ဆုံးထားပြီး  အပြီးလုပ်ရမယ်လို့ ပြောလို့ မရဘူး"ဟု ဦးဇော်ဌေးက ဆိုသည်။

မြန်မာ အစိုးရကမူ လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်သို့ ရွေ့ပြောင်းရာတွင် ပိုမိုနီးကပ်အောင် မူလထားရှိသော အလယ်သံကျော်မြို့နယ်မှ တောင်ပြိုလက်ဝဲ မြို့နယ်သို့ မေ ၂၅ ရက်က လွှဲပြောင်းထားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက "ဒီဘက်ကလည်း ဒီမှာ ဒုက္ခသည် စခန်းမှာ ထားမလားဆိုတဲ့ မေးခွန်းတွေရှိတဲ့အတွက် အမြန်ဆုံးပို့ဆောင်နိုင်အောင် စီစဉ်နေပါတယ်"ဟု ဆိုသည်။

လှေစီးဒုက္ခသည်များကို မေလ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက စတင်စိစစ်နေခြင်းဖြစ်သည်။

ကုလသမဂ္ဂကလည်း ထိုဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟု မေလ ၂၅ ရက်တွင် အတည်ပြု ထုတ်ပြန်ထားသည်။

ထိုဒုက္ခသည်များသည် ထိုင်းနိုင်ငံသားပိုင် သင်္ဘောဖြင့်  မလေးရှားနိုင်ငံသို့သွားရောက်ရန် ထွက်ခွာလာခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် ရက်ပေါင်း ၅၀ ခန့် မျောပါခဲ့သည်။

မေ ၂၂ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်  မြန်မာ့ရေပိုင်နက်အတွင်းတွင် မြန်မာ တပ်မတော် (ရေ)က ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...