ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ လူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ လူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် မတ်လ ၁၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် လူငယ်တစ်ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

လက်ဝဲစာတိုက်ကျေးရွာနေ  ဦးကျော်သောင်း၏သား အသက် ၁၅ နှစ်အရွယ် မောင်နေကျော်ဆန်း ထိခိုက်ဒဏ်ရာရခြင်းဖြစ်ကြောင်း သိရသည်။

 ညနေပိုင်း ၅ နာရီခွဲဝန်းကျင်တွင် တောင်ခမောက်တောင် (ခေါ်) ကိုးမြို့တောင်အနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြန်အလှန် ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲမှ ကျည်ဆံ လာရောက်ထိမှန်ပြီး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ထိသွားတာက ဦးခေါင်းရဲ့ ဘယ်ဘက်၊ နားရွက် အထက်၊ နားထင်ကို ရှပ်ထိသွားတာ။ ရှပ် ထိသွားတယ်ဆိုပေမဲ့ ဒဏ်ရာတော့ ရသွားတာပေါ့။ သူက ရွာအစွန် သူ့ ဦးလေးအိမ်မှာ ရှိနေတဲ့အချိန် လာ ထိသွားတာပါ။ တိုက်ပွဲကတော့ မနေ့က အကြာကြီး ဖြစ်ခဲ့တယ်။ ညနေ ၅ နာရီ ၂၀ မိနစ်လောက်ကနေ စဖြစ်တာ ည ၁၁ နာရီကျော်အထိ ဖြစ်ခဲ့တယ်” ဟု ဒေသခံ ဦးမောင်စိုးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် တောင်ခမောက်တောင်နှင့် လက်ဝဲစာတိုက်ကျေးရွာမှာ ၃ ဖာလုံခန့်သာ ကွာဝေးကြောင်း၊ တိုက်ပွဲအတွင်းမှ လာသော  ကျည်ဆံများမှာ ကျေးရွာရှိ နေအိမ်အချို့ကိုလည်း ထိမှန်မှုရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

 ပုဏ္ဏားကျွန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်တို့က  တိုက်ပွဲဖြစ်သည်မှာ မှန်ကန်ကြောင်း နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

မတ်လ ၁၁ ရက်က တိုက်ပွဲမှာ ပြင်းထန်သည့်အတွက် တပ်မတော်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်မှုများလည်း ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ ယင်းတိုက်ပွဲ မဖြစ်ပွားမီ နံနက်အစောကြီး ညဉ့် ၃ နာရီခွဲခန့်က ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း ကားလမ်းပေါ်ရှိ လက်ဝဲစာတိုက်အနီး တံတားအရှေ့ဘက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

လက်ဝဲစာတိုက်ကျေးရွာမှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက “မိုင်းကတော့ ၄ လုံးကွဲပါတယ်။ ဘာကြောင့် ဘယ်လို့ ကွဲတယ်ဆိုတာကိုတော့ မပြောတတ်ဘူး။ မနက် ၃ နာရီလောက်မှာတော့ ကွဲသံတွေ ကြားလိုက်ရတယ်”ဟု ယင်းမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြောသည်။

ထိုသို့မိုင်းပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းသို့ ပြေးဆွဲနေသည့် လိုင်းကားများ နံနက်ပိုင်းတွင် ခေတ္တ ရပ်နားသွားခဲ့ပြီး နောက်ပိုင်းတွင်  ပုံမှန် ပြေးဆွဲလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...