ကိုယ်စားလှယ်အရေအတွက်ထက် ထောက်ခံမဲနည်းခြင်းသည် ဂရုစိုက်မှု နည်းခြင်းကြောင့် ဖြစ်

ကိုယ်စားလှယ်အရေအတွက်ထက် ထောက်ခံမဲနည်းခြင်းသည် ဂရုစိုက်မှု နည်းခြင်းကြောင့် ဖြစ်

သန်းထိုက်အောင် — ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲပေးမှုတွင် ကိုယ်စားလှယ်အရေအတွက်ထက် မဲရလာဒ်လျော့နည်းခဲ့ခြင်းသည် ဂရုစိုက်မှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါက်တာလှမိုးက မဇ္ဈိမမီဒီယာကို ပြောသည်။

ဒုတိယအကြိမ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမနေ့ မဲခွဲမှု ရလာဒ်တွင် NLD က ပြင်ဆင်ရန် တင်သွင်းထားသည့် ပုဒ်မ ၄၀(ဂ)အတွက် ရရှိခဲ့သည့် ထာက်ခံမဲအရေအတွက်သည် လွှတ်တော်ကိုတက်ရောက်ခဲ့သည့် ပါတီဝင် အမတ်အရေအတွက်ထက် မဲ၃၀ကျော် လျော့နည်းခဲ့ခြင်း ဖြစ်သည်။

မတ်လ၁၀ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ဦးတက်ရောက်ခဲ့ပြီး ၂၁ဦး ခွင့်တိုင်ခဲ့သည်။ အဆိုပါ အရေအတွက်တွင် NLD က ကိုယ်စားလှယ် ၃၇၈ ဦးတက်ပြီး နှစ်ဦးခွင့်တိုင်ခဲ့သည်။ ပုဒ်မ၄၀(ဂ)ကို မဲခွဲသည့် အခါ ၃၄၃မဲသာ ရခဲ့သဖြင့် ပါတီဝင် အမတ်ဦးရေထက် ၃၅မဲလျော့နည်းသည့် ရလာဒ်ကို ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မဲရလာဒ်ဖြစ်စဉ်အတွက်လည်း NLD အမတ်များ အပေါ် မေးခွန်းထုတ်ဝေဖန်မှုများ ရှိနေသည်။

ယခုကဲ့သို့ ဖြစ်ခဲ့ခြင်းသည် အမှားအယွင်းတစ်ခုခုရှိခဲ့ခြင်းသာ ဖြစ်ကာ ကိုယ်စားလှယ်များအနေဖြင့် ပါတီကတင်သွင်းသည့် ဥပဒေများအပေါ် ကန့်ကွက်မဲပေးခြင်းမျိုး မလုပ်ကြောင်း ဒေါက်တာ လှမိုးက ပြောသည်။

ပုဒ်မ၄၀(ဂ)၏ မူလပြဌာန်းချက်သည် အရေးပေါ်အခြေအနေပေါ်ပေါက်ခဲ့ပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်၏ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဌာန်းထားသည့် အတိုင်း ရယူသုံးစွဲခွင့်ရှိသည်ဟု ပြဌာန်းထားတာချက်ကို အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်အာဏာကို နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး တာဝန်ယူဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်ကို အတည်ပြုဆုံးဖြတ် ဆောင်ရွက်ရမည်ဟု NLD ပါတီက ပြင်ဆင်ချက် တင်သွင်းထားခြင်းဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံကိုပြင်ဆင်ရေး မဲပေးဆုံးဖြတ်မှုတွင် ပယ်မဲဖြစ်ခဲ့လျှင် ကန့်ကွက်မဲစာရင်းသို့ ထည့်သွင်းခြင်း ဖြစ်သည်။ ကိုယ်စားလှယ်များအနေဖြင့် ပယ်မဲမဖြစ်အောင် ဂရုစိုက်မဲပေးရန် လွှတ်တော်နာယကက မတ်လ၁၁ရက်နေ့ မနက် လွှတ်တော်မစခင် သတိပေးခဲ့သေးသည်။

မတ်လ၁၁ရက်နေ့က မဲခွဲဆုံးဖြတ်မှုပြုလုပ်သည့် ပုဒ်မ၅၉(စ)အပါအဝင်သမ္မတ၏ အရည်အချင်းကန့်သတ်ချက် ပုဒ်မများ၊ တပ်မတော်သားကိုယ်စားလှယ်အရည်အတွက်ကို လျော့ချရန် ပြင်ဆင်မည့် ပုဒ်မ၊ပုဒ်မခွဲများနှင့် ကာလုံကို ပြင်ဆင်ဖွဲ့စည်းမည့် ပုဒ်မ ပုဒ်မခွဲ စုစုပေါင်း ၁၅ခုကို မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ပြင်ဆင်ရန် လုံလောက်သည့် မဲပမာဏ တစ်ခုမှ မရရှိခဲ့ပေ။

မတ်လ၁၀ရက်နေ့က စတင်မဲခွဲဆုံးဖြတ်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ပုဒ်မ၊ ပုဒ်မခွဲပေါင်း ၂၉ခုကို ဆုံးဖြတ်ခဲ့ရာတွင် မသန်မစွမ်းစကားရပ်ကို မသန်းစွမ်းဟု ပြင်ဆင်ခြင်းနှင့် အိုမင်းမစွမ်းဆိုသည့် စကားရပ်ကို သက်ကြီးရွယ်အိုဟု ပြင်သည့် ပုဒ်မ နှစ်ခုကိုသာ ပြင်ဆင်ရန် သဘောတူညီမှု ရသေးသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...