ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲသည့် နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး ပျက်ကွက်

ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲသည့် နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး ပျက်ကွက်

အောင်မြတ်သူ — နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို မဲခွဲဆုံးဖြတ်မည့် ပထမနေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး ပျက်ကွက်ခဲ့သည်။

ဥပဒေမူကြမ်းများကို ပြင်ဆင်ရာ၌ လွှတ်တော်တွင်းရှိ ကိုယ်စားလှယ် ၄၉၁ ဦး၏ ထောက်ခံမဲရရှိမှသည့် ပုဒ်မများသာ ပြင်ဆင်ရေးလမ်းကြောင်း ဆက်လုပ်နိုင်မည်ဟု နာယကက အသိပေးပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၌ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေသည် ၆၅၄ ဦးဖြစ်ပြီး၊ ယနေ့ခွင့်ပန်ကြားသူ ၁၃ဦးနှင့် ယခင်က လွှတ်တော်က ခွင့်ပြုထားသူ ၈ဦးဖြစ်သည့်အတွက် ပျက်ကွက်သူ ၂၁ဦးဖြစ်သည်။

ယနေ့ပျက်ကွက်သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သုံးဦး၊ ကြံခိုင်ရေးနှင့်ဖွံ႔ဖြိုးရေးပါတီမှ နှစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ လေးဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဦးတို့ဖြစ်ကြသည်။

ယနေ့တွင် ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ ၊ ပုဒ်မခွဲ ၁၄ခုကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို မတ်လ ၁ဝရက်နေ့မှ စတင်ပြီး ကိုးရက်ကြာ မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...