ပလက်ဝမြို့နယ်မှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၉၀၀၀၀ အထိရှိနေပြီး ဝယ်ရန် ခက်ခဲနေဟုဆို

ပလက်ဝမြို့နယ်မှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၉၀၀၀၀ အထိရှိနေပြီး ဝယ်ရန် ခက်ခဲနေဟုဆို
ပလက်ဝမြို့ပေါ်မှ ချင်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်(ချစ်မင်းထွန်း)
ပလက်ဝမြို့ပေါ်မှ ချင်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်(ချစ်မင်းထွန်း)

နောင်နောင် — ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ယခင်က ၂၀၀၀၀ ကျော်သာရှိသည့် ဆန်ကြမ်းတစ်အိတ်ကို လက်ရှိမှာ မြန်မာကျပ်ငွေ ၉၀၀၀၀ အထိ ဈေးမြင့် တက်နေပြီး ဝယ်ယူရန်ပင် အခက်အခဲ ဖြစ်နေကြောင်း ပလက်ဝ ဒေသခံများထံမှ သိရသည်။

ပလက်ဝ မြို့နယ်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို မှီခိုပြီး တစ်ခုတည်းသော ရေလမ်းကြောင်းမှ တဆင့် ကုန်ပစ္စည်းများကို ဝယ်ယူ နေကြရခြင်း ဖြစ်ရာ လက်ရှိတွင် တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့(AA)တို့ ကျောက်တော် မြို့နယ် အတွင်းမှာ ဖေဖော်ဝါရီကနေ ယခုချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပလက်ဝ-ကျောက်တော် ပြေးဆွဲသည့် ရေယာဉ်လိုင်းများ ရပ်နားထားရပြီး စားနပ်ရိက္ခာများ ပြတ်လပ်နေသည်။

ထို့ကြောင့် ဆန်၊ ဆီ၊ ဆား၊ ငါးခြောက် အပါအဝင် စားသုံးကုန် ပစ္စည်းအများစုမှာ ဈေးနှုန်းမြင့်တက်နေပြီး ယခုဆိုလျှင် ဆန်ကြမ်း တစ်အိတ်လျှင်ပင် ကျပ်ငွေ ၉၀၀၀၀ အထိ ပေါက်နေကြောင်း သိရသည်။

ပလက်ဝမြို့ခံ ဆလိုင်းကျော်ထွန်း(အမည်လွဲ)က “ပုံမှန်ကတော့ ဆန်အညံ့စားက ၂၃၀၀၀ ၊ ၂၅၀၀၀ အဲလောက်ပဲရှိတာ။ မနေ့ကဆို ၇၀၀၀၀ လောက် ပေါက်ဈေးရှိတယ်။ တချို့ မိသားစုတွေက ၉၀၀၀၀ လောက် ဝယ်နေရတဲ့ အနေအထား ရှိတယ်။ အဲဒါတောင် လုပြီးမှ ဝယ်ရတာဗျ။ ဟို အကူအညီ တောင်းပြီးမှ ဝယ်ရတာ။ စားမယ့်ဟာ ဆန် မရှိတော့လေ။ အဲလို အနေအထားတော့ ရှိတယ်”ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် ပုံမှန်ရောင်းနေသည့် ဆန်ဆိုင်များတွင်ပင် ဆန်ပြတ်လပ် လျက်ရှိရာ တချို့ ဆန်ကုန်သည် များက ပလက်ဝ ကျေးရွာများသို့ ဆင်း၍ တောင်သူများထံမှ ဆန်ဝယ်ယူပြီး မြို့ပေါ် ပြန်ရောင်းချရာ မြို့ပေါ်နေ ဒေသခံ များက လုဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။



ပလက်ဝမြို့နယ်၊ တောင်ပြိုကျေးရွာမှ ဈေးဆိုင်လေး(ချစ်မင်းထွန်း)

ပလက်ဝ ဒေသခံများသည် တပ်မတော်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲကြောင့် တောင်ယာစိုက်ခင်းများသို့ မသွားရဲဘဲ အလုပ် လက်မဲ့များ ဖြစ်နေရာ ယခုကဲ့သို့ အဆမတန် မြင့်တက်နေသော ဆန်ဈေးနှုန်းကြောင့် ဝယ်ယူနိုင်ခြေ မရှိဘဲ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ထိုအခက်အခဲကို ဖြေရှင်းနိုင်ရန် ချင်းပြည်နယ်အစိုးရက ပို့ဆောင်ထားသော ဆန်အိတ် ၆၀၀ ခန့် ဆမီးမြို့သို့ ရောက်ရှိ နေသည်မှာ တစ်ပတ်ကျော် ကြာပြီဖြစ်သော်လည်း လုံခြုံရေးအရ ပလက်ဝမြို့သို့ မသယ်ဆောင်နိုင် သေး ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦးစိုးထက်က  “ဆန်အိတ် ၆၀၀ ဆမီးမှာ ရှိတယ်၊ ၄၂ မိုင်ပဲ လိုတော့တယ် ပလက်ဝရောက်ဖို့။ အဲ့ဒါ သယ်လို့ မရ ဘူး ဖြစ်နေတယ်၊ လုံခြုံရေး အခြေနေအရ။ နောက်ပြီး စစ်တွေမှာလည်း ဆန်အိတ် ၄၀၀၀ လောက် ရှိ တယ်၊ အဲ့ဒါလည်း ပို့လို့မရဘူး ဖြစ်နေ တယ်။ ပြည်ထောင်စုအဆင့်ကနေပြီး ညှိနှိုင်းပြီးတော့ ပို့ဖို့ လုပ်နေတယ်”ဟု ပြောသည်။

တပ်မတော်နှင့် AA တို့ တိုက်ပွဲကြောင့် ကုန်းလမ်း၊ ရေလမ်း သွားရန် အခက်အခဲများ ဖြစ်နေပြီး ပလက်ဝမြို့သို့ စားနပ်ရိက္ခာများနှင့် ကုန်ခြောက်များ သယ်ဆောင်ရန် အခက်အခဲများ ဖြစ်နေသည်။

ထို့နောက် စားနပ်ရိက္ခာများ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်၍ ဈေးနှုန်းများ မြင့်နေသည်မှာ ယနေ့ချိန်ထိပင် ဖြစ်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ (၁) သိန်းကျော် နေထိုင်လျက်ရှိရာ အများစုမှာ တောင်ယာ လုပ်ငန်းများ လုပ်ကိုင် စားသောက်နေကြသူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု အနိမ့်ဆုံ ပြည်နယ်ထဲမှ မြို့နယ် တစ်ခု ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...