မြန်မာပြည်တွင် ဘင်္ဂလီသာရှိကြောင်း မလေးရှားသိစေရန် သီလဝါ ဆိပ်ကမ်းတွင် လူပ်ရှားမှု ပြုလုပ်

မြန်မာပြည်တွင် ဘင်္ဂလီသာရှိကြောင်း မလေးရှားသိစေရန် သီလဝါ ဆိပ်ကမ်းတွင် လူပ်ရှားမှု ပြုလုပ်
by -
နိရဥ္စရာ
မလေးရှားမှ အကူအညီ သင်္ဘောဆိုက်ကပ်နေသည့် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း အဝင်ဝတွင် လူပေါင်း ၁၀၀ ခန့်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း၊ ဘင်္ဂလီသာ ရှိကြောင်း သံတမန်များနှင့် နိုင်ငံတကာ သတင်းမီဒီယာများ သိရှိအောင် လူပ်ရှား Campaign ပြုလုပ်ခဲသည်ဟု ဦးဆောင်သူ ဦးဝင်းကိုကိုလတ် (ဥပဒေ)မှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်တို့ ဒီနေ့ လုပ်တာက Campaign လုပ်တာပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိကြောင်း မလေးရှား သင်္ဘော တာဝန်ရှိသူတွေ သိစေရန် အသိပေး လူပ်ရှားမှု လုပ်တာ ဖြစ်ပါတယ်။ သင်္ဘောကလည်း ဒီနေ့ မှ ဆိုက်တယ်ဆိုတော့ သံတမန်တွေ၊ မီဒီယာတွေ သိရှိအောင် လုပ်တာပါ” ဟု ဦးဝင်းကိုကိုလတ်က ပြောသည်။

ယနေ့ လူပ်ရှားမှုကို အဖွဲ့ ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော အမျိုးသားရေး ညွှန့်ပေါင်း အဖွဲ့က ဦးဆောင်ပြီး နေ့လယ် ၂ နာရီမှ ၄ နာရီထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ဒီနေ့ လူပ်ရှားတာက မလေးရှားက လူသားချင်းစာနာတဲ့ အကူအညီတွေ လာရောက်ပေးတာကို ကန့်ကွက်တာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က မြန်မာသားတွေ လက်မခံတဲ့ အသုံးအနှုန်းကို မကြာခဏ သုံးနေတာကို ကန့်ကွက်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းလို့ သုံးတာကို လက်မခံပါဘူး။ ဘင်္ဂလီလို သုံးနှုန်းတာမျိုးဆိုရင် ကန့်ကွက်စရာ မရှိဘူး။ ဒီအသုံးအနှုန်းကို လက်မခံတဲ့ အတွက် လူပ်ရှားမှု ပြုလုပ်ရတာပါ” ဟု သူက ဆက်လက် ပြောဆိုသည်။

သူတို့ လူပ်ရှားမှုကို အစိုးရအပါအဝင် သံတမန်များ သတိပြုစေလိုသည့် ရည်ရွယ်ချက် ရှိကြောင်း၊ အများက လက်မခံသော အသုံးအနှုန်းဖြင့် မီးထိုးတာ၊ မီးမွှေတာတွေ မလုပ်စေလိုကြောင်း၊ ယခု အသုံးအနှုန်းက ရခိုင်ပြည်နယ် ရဲ့ အခြေအနေကို ပိုဆိုးရွားစေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မလေးရှား အစိုးရအနေဖြင့် မြန်မာပြည်သူများ လက်မခံသော အသုံးအနှုန်းကို ဆက်လက် သုံးစွဲပါက ဆက်လက် ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဟု ဦးဝင်းကိုကိုလတ်က ပြောဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...