လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ပြိုင်းတိုင်းရွာသား ၃ ဦးဒဏ်ရာရ၊ ဆေးရုံပို့ရန် အခက်အခဲဖြစ်နေ

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ပြိုင်းတိုင်းရွာသား ၃ ဦးဒဏ်ရာရ၊ ဆေးရုံပို့ရန် အခက်အခဲဖြစ်နေ

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မြောက်ဘက်ရှိ ပြိုင်းတိုင်းကျေးရွာထဲ မတ်လ ၃ ရက် နေ့လယ်က လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲ၍ အသက် ၈၀ ကျော်အရွယ် အဖွားအို တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိသွားခဲ့ပြီး ကျောက်တော် ဆေးရုံသို့ ယူဆောင်ရန် အခက်အခဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူများမှာ ပြိုင်းတိုင်းရွာနေ အသက် ၈၀ ကျော် ဒေါ်လှမြဦး၊ အသက် ၁၀ နှစ်အရွယ် လှသိန်းမောင်နှင့် အသက် ၅၀ အရွယ် ဦးစောမြင့် ဖြစ်ကြောင်း သိရသည်။

"ရင်ဘတ်မှာထိ ကျည်စ ထိထားတယ်။ ကလေး လှသိန်းမောင်မှာ လက်မောင်းကို ဖောက်သွားတယ်။ ဒေါ်လှမြဦးမှာတော့ လက်ကောက်ဝတ်ကို ထိထားပါတယ်။ ဒဏ်ရာက ကျည်စဝင်တွေ ဝင်နေတယ် ထင်ပါတယ်။ ကျောက်တော်ဆေးရုံကို ယူဖို့ စက်လှေ အသွားအလာကို ပိတ်ထားတဲ့ အတွက် ယူလို့ မရဘူး။ ရွာပြင်ကို ထွက်ရင် စစ်တပ်က ပိတ်တယ်။ ဘယ်သူမှ မသွားရဲဘူး။ ရွာဆေးခန်းမှာပဲ လက်ရှိ ကုနေရပါတယ်” ဟု ပြိုင်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြင့်က ပြောကြားသည်။

ဒဏ်ရာက မပြင်းထန်သော်လည်း ကျည်စ ဖြစ်သဖြင့် အသားထဲ ဖောက်ဝင်နေပါက အန္တရာယ်များသဖြင့် ကျောက်တော်ဆေးရုံသို့ယူဆောင်နိုင်ပါက ပိုကောင်းမည်ဟု သူတို့၏ ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

“ လက်နက်ကြီးက ကျောက်တော် တပ်မကနေ တိုက်ပွဲ ဖြစ်နေတဲ့ ပြိုင်းတိုင်းနဲ့ တင်းမ ကျေးရွာအကြားကို ပစ်တာပါ။ အဲဒီ အထဲက လက်နက်ကြီးကျည်တစ်လုံးက ဦးမောင်ရွှေလှ အုန်းပင်ကို ကျပြီး ပေါက်ကွဲပါတယ်။ အဲဒီ ပေါက်ကွဲရာကနေ ကျည်စတွေ ရွာသားတွေကို ထိမှန်တာပါ” ဟု ၎င်း အမျိုးသမီးက ပြောကြားသည်။

မတ်လ ၃ ရက်တွင် တင်းမကျေးရွာအရှေ့ဘက် ဝါးခုတ်တောင်တန်း၌ နံနက် ၈ နာရီကစပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်သံများကို ကြားခဲ့ရပြီး နေ့လယ် ၁ နာရီကျော်ထိ လက်နက်ကြီးပစ်သံများကို ကြားနေရသည်ဟု တင်းမကျေးရွာနေ အမျိုးသမီး တစ်ဦးက ပြောသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...