မွန်လူငယ်များ ရွေးကောက်ပွဲကို ပိုမို စိတ်ဝင်စားလာ

မွန်လူငယ်များ ရွေးကောက်ပွဲကို ပိုမို စိတ်ဝင်စားလာ

လာမည့်ရွေးကောက်ပွဲတွင် မဲပေးရန် မွန်လူငယ်များ ယခင် ကထက် ပိုစိတ်ဝင်စားနေကြသည်ဟု မွန်လူငယ်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနေသည့် မွန်လူငယ်များက ပြောသည်။

မွန်တစ်ပါတီတည်း ဖြစ်သွားသည့်အပေါ် မွန်လူငယ်များအတွက် ရွေးကောက်ပွဲကို ပိုမိုစိတ်ဝင်စားလာစေခဲ့သည့် အကြောင်းအရင်းများထဲက အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်သည်ဟု မွန်လူငယ်အဖွဲ့အစည်းများ က ပြော သည်။

“၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ လူငယ်တွေမှာ ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် တက်ကြွမှုတွေ ပိုရှိလာတယ် မဲပေးဖို့အတွက်ကို လူငယ်တွေ တက်ကြွနေကြတယ် အဲဒီလို အခြေအနေမျိုးတွေ တွေ့ရတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးဆင်းနေသည့် ရေးမြို့ နယ် မွန်လူငယ်ကွန်ရက် မှ မင်းခေတ်သစ် က ပြောသည်။

မွန်လူငယ်များအနေနှင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးရန် စိတ် မဝင်စားပါက မိမိတို့အခွင့်အရေးများ ဆုံးရှုံးသွားမည်ဟု မွန်လူငယ်များဆုံရပ် အထွေထွေအတွင်းရေးမှူး က ပြောသည်။

မွန်လူငယ်များဆုံရပ် အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦး က “ဆန္ဒမဲပေးပိုင်ခွင့်ဟာ နိုင်ငံသားအခွင့်အရေး လည်းဖြစ်တယ်။ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရဘူး မဲမပေးဘူးဆိုရင် ကျနော်တို့ရဲ့ နိုင်ငံရေး အခွင့်အရေး လူ့အခွင့်အရေးတွေဆုံးရှုံးသွားမှာပါ။ ကျနော်တို့ဟာ ဒီရွေးကောက်ပွဲတွေကို စိတ်မဝင်စားဘူးဆိုလို့ရှိရင်ပေါ့” ဟု ပြောသည်။

အသက် (၁၈) နှစ်ပြည့်ပြီး လူငယ်များ အနေဖြင့် မဲစာရင်းစစ်တတ်အောင်နှင့် မဲပေးတတ်အောင် ရည်ရွယ်ပြီး မွန်ပြည်နယ်အတွင်းရှိ ပထမအကြိမ် မဲပေးမည့် လူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကိုလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့ က မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ထပ်တိုးလာသည့် မဲစာရင်းများအရ မဲပေးခွင့်ရှိသည့် လူငယ် နှစ်သိန်းခန့် တိုးလာသည် ဟု လည်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ နောက်ဆုံးပြုစုထားသည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၅ သောင်းကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...
ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ / Dawei PDF
August 28, 2026
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က တနင်္သာရီမြစ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာ...
မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...