အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကျင်းပခွင့်မပြုခြင်းနှင့် ပတ်သက်၍ ကြေညာချက်ထုတ်

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကျင်းပခွင့်မပြုခြင်းနှင့် ပတ်သက်၍ ကြေညာချက်ထုတ်
by -
မဇ္ဈိမ
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကျင်းပခွင့်မပြုခြင်းနှင့် ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ဖေဖော်ဝါရီလ ၈ ရက်၊ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင် က မဇ္ဈိမကို ပြောသည်။

KAဆလိုင်းကျဲအိုဘိခ်ထောင်က "ဒီဆွေနွေးပွဲလုပ်ဖို့ နိုဝင်ဘာလကတည်းက ပြင်ဆင်ပြီးသား။ အားလုံးအဆင်သင့်ဖြစ်နေပြီ။ ဒါကို တမင်တကာခွင့်မပြုဘူးလို့ ယူဆတယ်။ ဒါကြောင့် ဒီနေ့ကြေညာချက်ထုတ်ပြန်ခဲဲ့တယ်"ဟု ပြောသည်။

ဆက်လက်၍ ၎င်းက "အမျိုးသားစီမံကိန်းတွေ့ဆုံဆွေးနွေးပွဲဟာ အရေးကြီးနေတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက နှစ်ကြိမ်ကျင်းပပြီးပြီ တကယ်တန်းပြောမယ်ဆိုလို့ရှိရင် ဇန်နဝါရီလတုန်းက တစ်ကြိမ်၊ နောက်တစ်ကြိမ်ကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ကြိုဆိုတဲ့ ဒီ၂၁ ရာစုပင်လုံညီလာခံက ပထမအကြိမ်ပေါ့။ ဒါတွေက နိုင်ငံရေးကို စွမ်းစွမ်းတမံ နိုင်ငံရေးဆွေးနွေးမှုကို မရှိဘဲနဲ့ ကျွန်တော်တို့ ကျင်းပပြီးပြီပေါ့ဗျာ။ မူဘောင်အရလည်း ဒါက အမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ဆိုတာ ရှိတယ်လေ။ ဒီအချိန်မှာမှ အမျိုးသားစီမံကိန်းတွေ့ဆုံဆွေးနွေးပွဲကို ဒီအချိန်မှာမှ မကျင်းပဘဲနဲ့တော့ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမျိုးကို တတိယအကြိမ် ကျင်းပမယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ အဓိပ္ပါယ်မရှိဘူးလို့ ယုံကြည်တယ်"ဟု ပြောသည်။

၎င်းတို့ ထုတ်ပြန်ချက်ထဲတွင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကျင်းပနိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်အတူ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ကြိုတင်ပြင်ဆင်မှုများ   ဆောင်ရွက်မှုများ   ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကျင်းပခွင့်ကို NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးခွင့်ပြုပေးရန် အလေးအနက်တောင်းဆိုကြောင်း စသည်ဖြင့် အချက် ၆ ချက်ပါဝင်သည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများထဲမှ အဆင်သင့်ဖြစ်သည့်နေရာများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်သည်ဟု ထုတ်ပြန်ထားပြီး ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ (UPDJC) တွင် အတည်ပြုကာ ၆ လတစ်ကြိမ် ပင်လုံညီလာခံတွင် ဆွေးနွေးတင်ပြသွားမည် ဖြစ်ပြီး ရက် ၉၀ အကြာမှာ   ပြည်ထောင်စုညီလာခံကို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) စာချုပ်ပါအတိုင်း ကျင်းပရသည့် လုပ်ငန်းအဆင့်ဆင့်ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...