စစ်တွေမြို့နယ် ကြက်တောပြင်နှင့်အောင်တိုင်ကျေးရွာများကို ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး

စစ်တွေမြို့နယ် ကြက်တောပြင်နှင့်အောင်တိုင်ကျေးရွာများကို ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြက်တောပြင်ကျေးရွာနှင့် အောင်တိုင်ကျေးရွာများကို  စစ်တပ်၊ ရဲ၊ လဝကများ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။  

“ ရွာကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မနက်က အင်အားအလုံးအရင်းနဲ့ ဝင်လာပါတယ်။ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေ စစ်ပါတယ်။ ရွာကလူတွေကြောက်နေကြပါတယ်။ တစ်အိမ်ကိုဝင်ရင် အယောက်သုံးဆယ်လောက် ဝင်စစ်တယ်” ဟု ကြက်တောပြင်ကျေးရွာ ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

၎င်းပူးပေါင်းတပ်ဖွဲ့တွင်  အင်အား ၁၀၀ ကျော်ခန့် ပါဝင်ပြီး  ကြက်တောပြင်ကျေးရွာတွင်ဖေဖော်ဝါရီ ၂၆ နံနက် ၉ နာရီခွဲခန့်တွင် စတင်ဝင်ရောက်  စစ်ဆေးခဲ့ပြီး နောက် ညနေ ၃ နာရီကျော်ခန့်တွင် အောင်တိုင်ကျေးရွာ ဒေသခံများက ပြောသည်။

ကြက်တောပြင်ကျေးရွာမှ ရွာလူကြီးတစ်ဦး ကလည်း စစ်ဆေးခဲ့သည်မှာ ဟုတ်မှန်ကြောင်းနံနက် ၉နာရီခွဲခန့်က ၁၁နာရီကျော်ခန့်အထိစစ်ဆေးခဲ့ေကြာင်းပြောသည်။

 “ဟုတ်ပါတယ်စစ်လာပါတယ်။ ၉နာရီခွဲလောက်ကစစ်လာတာပါ။ ဘာလို့စစ်တာလဲတော့မသိဘူး။ အိမ်တိုင်းတော့မစစ်ဘူး ငါးအိမ်၊ ခြောက်အိမ် ခြားလို့ တစ်အိမ်စီ ဝင်စစ်တာပါ။ လူဦးရေအများ၊ အမျိုးသားအများရှိတဲ့ အိမ်တွေကိုစစ်တယ်။ နောက်ပြီး မသင်္ကာတဲ့အထုတ်တွေရှိရင်တော့ စစ်တယ်။ ကျွန်တော်တို့ရွာကထွက်ပြီး သူတို့ အောင်တိုင်ဘက်ကိုသွားပါတယ်။ ရွာကလူတွေက ကြောက်တော့ ကြောက်တာပေါ့” ဟုပြောသည်။

အောင်တိုင်ကျေးရွာအား ဝင်ရောက်စစ်ဆေးခဲ့ပုံကို  ရွာလူကြီးတစ်ဦးက  “ရွာကို ဝင်စစ်ခဲ့တာ ဟုတ်ပါတယ်။ အိမ်ထောင်စု စာရင်းတွေ မှတ်ပုံတင်တွေကို စစ်တယ်။ ရွာကလူတွေက ကိုဖမ်းတာ ဆီးတော့မလုပ်ပါဘူး။ ဘာလို့စစ်တာလဲလည်းမသိဘူး။ ညနေ ငါးနာရီလောက်မှာ ထွက်သွားတယ်” ဟု ၎င်းကျေးရွာသားကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ဦးက “ လဝကတို့ ရဲတို့စစ်တာထင်တယ်။ ကျွန်တော့ဖက်ကတော့ အုပ်ချုပ်ရေးမှူးတွေကို ကူညီ ဆောင်ရွက်ပေးဖို့ ပြောထားပါတယ်ခင်ဗျ။ ကျွန်တော်သေချာတော့မသိဘူးခင်ဗျ” ဟု အတည်ပြုပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးအား ဆက်သွယ်ရာတွင် ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိသေးပါ။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၉နာရီခွဲခန့်မှ စတင်ပြီး မွန်းလွဲ ၂ နာရီကျော်ထိ  ရသေ့တောင်မြို့ပေါ်တွင်လည်း  စစ်တပ်က စစ်ဆေးရေးများလုပ်ဆောင်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...