တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်ရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်ခွင့်မရ

တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်ရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်ခွင့်မရ
စက်ရုံအတွင်း မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နေပုံ
စက်ရုံအတွင်း မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နေပုံ

တရုတ်နိုင်ငံ ၊ ရှန်းတုန်းပြည်နယ် ၊ ရုန်ချန်မြို့ရှိ ဂေါင်ရွန်း ပင်လယ်စာ စက်ရုံတွင် အလုပ်လုပ်ကိုင်နသေညျ့ မွနျမာအလုပျသမားများသည် နေရပ်သို့ မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။

အဆိုပါ ပင်လယ်စာစက်ရုံတွင် မြန်မာလုပ်သား ခန့်မှန်းခြေ ၄၀၀ကျော် ရှိပြီး စာရင်းကောက်ခံရရှိချက်အရ အယောက် ၂၀၀ကျော်ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအလုပ်သမား တစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများတွင် ကိုယ်ဝန်ဆောင်မိခင်၊ နာမကျန်းလူနာ၊ အသက်အရွယ် ကြီးရင့်သူများနှင့် တရုတ်ပြည်တွင် ဖြစ်ပွားလျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေရပ်သို့ပြန်လိုသူများ ရှိနေသော်လည်း ကုမ္ပဏီမှ နေရပ်ပြန်ရန် ပိတ်ပင်တားမြစ်ထားကြောင်း ၎င်းင်းကပြောသည်။

“မြန်မာပြည်ကို ပြန်ချင်ပေမယ့် ကုမ္ပဏီ

ကနေ ပိတ်ထားတယ် မပြန်ခိုင်းဘူး။ အပြင်လည်း မထွက်ခိုင်းဘူး။ ကုမ္ပဏီတံခါးရှေ့မှာတော့ စာရွက်အနီနဲ့ ဘာကပ်ထားလဲတော့ မသိဘူး။ ပိတ်ထားသလိုနဲ့ အထဲမှာတော့ မြန်မာလုပ်သားတွကေို ခိုငျးစားနတောမြိုးတွေရှိတယ်”ဟု အဆိုပါ အလုပ်သမား ကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာသံရုံးသို့ ဆက်သွယ်ထားရာ နေရပ်ပြန်နိုင်ရေးအတှကျ လုပျဆောငျပေးသှားမည် ဖြစ်သော်လည်း ခေတ္တ

စောင့်ဆိုင်းပေးရန် ပြောဆိုထားကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားများအခငြျးခငြျးစညျးရုံးကာ တောင်းဆိုမှုများ ပြုလုပ်ရာတွင်လည်း စက်ရုံမှ အရေးယူမှုများရှိကြောင်းနှင့် ယခုကဲ့သို့ ကြန့်ကြာနေမှုအတွက် စိုးရိမ်စိတ်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်

က ပြောသည်။

“အလုပ်သမားတွေကို စည်းရုံးပြီး လုပ်မယ်ဆိုလည်း ခေါင်းဆောင်တွေကို ကုမ္ပဏီက ပြသနာရှာပြီး ဖမ်းတယ်။ မောင်းထုတ် တယ်။ ရှေ့က ဥပမာတွေကိုကြည့်လိုက်ရင် ပင်လယ်ဘက်ကိုပို့ပြီး အဆက်အသွယ ်ဖြတ်လိုက်တယ်။ သေလားရှင်လားတောင် မသိတာတွေ ရှိတယ်”ဟု ၎င်းင်း ကပြောသည်။

တရုတ်တွင် ပတ်မိနေပြီး ဆက်သွယ်လာသည့် မြန်မာလုပ်သားများကို နေရပ်ပြန်နိုင်ရေးအတှကျ သကျဆိုငျရာ အဖှဲ့အစညျးမြားနှင့် ချိတ်ဆက်လုပ်ဆောင်နေပြီး အကူအညီလိုအပ်ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ကပြောသည်။

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်အာဏာပိုင်များက တရားမဝင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နေရပ်ပြန်ရန် သတိပေးခဲ့ပြီး မြန်မာအလုပ်သမား အများအပြား တရုတ်ပြည်တွင် ပိတ်မိလျှက်ရှိနေကြောင်း သိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...