ဂျပန်ရောက် ရခိုင်လူငယ်များ မြန်မာသံရုံးရှေ့ ဆန္ဒပြ

ဂျပန်ရောက် ရခိုင်လူငယ်များ မြန်မာသံရုံးရှေ့ ဆန္ဒပြ

ဆောင်းဇာခြည် — အင်တာနက် ဖြတ်တောက်လိုက်ခြင်း အပေါ် ဂျပန်ရောက် ရခိုင်လူငယ်များ  ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

“ဆန္ဒပြရတဲ့ အကြောင်းရင်းက ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ကျွန်တော်တို့ ရခိုင်ပြည်မှာ အင်တာနက်လိုင်းတွေကို စပြီး ပြန် ဖြတ်တောက်လိုက်ပါတယ်။ ဖြတ်တောက်လိုက်ပြီးတဲ့နောက်  ဒီ ရက္ခိုင့်တပ်တော်ကို ထိုးစစ်အကြီးအကျယ် ဆင်လာတယ်။ ပြီးရင် ရခိုင်မှာ အရပ်သား သေဆုံးမှုက အရမ်း များလာတယ်။  အဲဒါတွေက အစိုးရနဲ့ သက်ဆိုင်တာမို့ ကျွန်တော်တို့အနေနဲ့  ဆန့်ကျင်ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ရခိုင်လူငယ်များအစည်းအရုံး (ဂျပန်)မှ ဥက္ကဋ္ဌ ဦးကျော်သန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။

၎င်းဆန္ဒပြပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး (ဂျပန်)က ဦးဆောင်ပြီး  ဂျပန် စံတော်ချိန် ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့ကြပြီး ရခိုင်လူငယ်များသာမက ကချင်နှင့် ကရင်လူမျိုးအချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း၊ လူပေါင်း ၁၀၀ ကျော်ခန့် တက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြောင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ရေးကိုလည်း ကြွေးကြော်သံများ ကြွေးကြော်၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ရခိုင်ပြည်နယ်အတွင်း NLD အစိုးရနှင့် မြန်မာ့ စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန် ၊ ရခိုင်လူမျိုးများ၏ ဘာသာရေး အဆောက်အအုံ၊ နေအိမ်၊ လယ်ယာမြေများ ဖျက်ဆီး နေမှုများကို ရပ်ဆိုင်းရန်  ၊ ရခိုင်လူငယ်များ၏ နေအိမ်နှင့်  စာသင်ကျောင်းများကို လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်နေမှုကို ရပ်တန့်ရန် ၊ စစ်ဘေးရှောင်များကို အကူအညီ ပေးအပ်သည့်အပေါ် တားမြစ်ခြင်းနှင့် ရခိုင်လူမျိုးများကို မတရားဖမ်းဆီးနေမှုများကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ရက္ခိုင် လူငယ်များ အစည်းအရုံး (ဂျပန်) မှ ဦးဆောင်၍ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် မြန်မာ့တပ်မတော်တို့ကို ဦးတည်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...