စိတ်ကြွဆေးပြား ၄၂ သိန်းကျော်နှင့် ဖမ်းဆီးခံရသူ ရွှေဗဟိုကျောင်းဆရာတော်ကို သိက္ခာချ လူဝတ်လဲပြီး တရားစွဲ

စိတ်ကြွဆေးပြား ၄၂ သိန်းကျော်နှင့် ဖမ်းဆီးခံရသူ ရွှေဗဟိုကျောင်းဆရာတော်ကို သိက္ခာချ လူဝတ်လဲပြီး တရားစွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေဗဟိုကျောင်း ဆရာတော်ဦးအာစရကို စိတ်ကြွဆေးပြား ၄၂ သိန်းကျော်နှင့် ကျည်ဆံ ၉၄ တောင့် ဖမ်းဆီးရမိပြီးနောက် သာသနာရေး ဦးစီးဌာနမှ မောင်တောမြို့မကျောင်းတွင် သိက္ခာချ လူဝတ်လဲပြီး တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။

njr0802ဖေဖော်ဝါရီ ၅ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မောင်တောမြို့နယ် ဗောဓိကုန်း စစ်ဆေးရေးစခန်း၌ ရွှေဗဟိုကျောင်း ဆရာတော် ဦးအာစရ (လူနာမည် အေးလွင်) လိုက်ပါသည့် Kluger ကားနောက်ခန်းရှိ မြွေရေခွံအိတ် (၂) အိတ်ဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား ၄ သိန်းအား ဖမ်းဆီးရမိပြီး ထပ်မံစစ်ဆေး ဖော်ထုတ်ချက်အရ ရွှေဗဟိုရွာ၊ ရွှေဗဟိုကျောင်းမှ နောက်ထပ် စိတ်ကြွဆေးပြား ၃၈ ဒသမ ၄ သိန်းနှင့်ကျည်ဆံ ၉၄တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ ဖျူးတစ်ခုကို သိမ်းဆည်း ရမိခဲ့သည်ဟု နိုင်ငံတော ်အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

“ ဖမ်းဆီးရမိတာ မှန်ပါတယ်။ ပထမ ကားပေါ်က ဆေးပြား ၄ သိန်း၊ နောက်ထပ် ရွှေဗဟိုကျောင်းက ဆေးပြား ၃၈ သိန်း လေးသောင်း၊ စုစုပေါင်း စိတ်ကြွ ဆေးပြား ၄၂ သိန်း ၄ သောင်းကို ဖမ်းဆီးရမိပါတယ်” ဟု မောင်တောမြို့နယ်မှူးက အတည်ပြုပြောကြားသည်။

ရွှေဗဟိုဆရာတော်နှင့် အတူ သိက္ခာချ လူဝတ်လဲ ခံရသူ နောက်တစ်ဦးမှာ ကားမောင်းသူ ဥူးပညာနန္ဒ(ခ)မင်းနိုင် ဖြစ်ကြောင်း သိရသည်။ ၎င်းဆေးပြား များအား ရွှေဗဟိုဘုန်းကြီးကျောင်းတိုက်သို့ လာရောက်ပို့ဆောင်သူ လင်းအောင်ရွှေ ဆိုသူအား ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိ ဖမ်းဆီးရမိသော ဆေးပြားတန်ဖိုးမှာ ( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့်) ငွေကျပ် ၈၄၈၀၀ သိန်းကျပ်ဖိုး ရှိကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...