မွန်အမျိုးသားနေ့တွင် လက်နက်နှင့်စစ်ရေးပြ အခမ်းအနားကို အစဉ်အလာအရထည့်သွင်းဆောင်ရွက်မည်

မွန်အမျိုးသားနေ့တွင် လက်နက်နှင့်စစ်ရေးပြ အခမ်းအနားကို အစဉ်အလာအရထည့်သွင်းဆောင်ရွက်မည်
by -
မဇ္ဈိမ
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ရ၀ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား၌ လက်နက်နှင့် စစ်ရေးပြအခမ်းအနားထည့်သွင်းခြင်း မပြုလုပ်ရန် ပြည်နယ်အစိုးရကတားမြစ်မှုရှိခဲ့သော်လည်း အစဉ်အလာအရ ရပ်တန့်သွားရန် မဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ဝင်းလှက မဇ္ဈိမသို့ ဖေဖော်ဝါရီ ရရက်ကပြောသည်။

"စစ်ရေးပြအခမ်းအနားကို နှစ်တိုင်းထည့်ပြီးလုပ်လာခဲ့တယ်။ ကြာပြီ။ရပ်ပေးဖို့ ပြောလာတော့ အခက်အခဲဖြစ်လာတာပေါ့။ ဒါကြောင့် မရပ်ဖူးပေါ့ဗျာ"ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂ ရက်ရက်စွဲဖြင့် ယင်းတားမြစ်ချက်ကို ပြည်နယ်အစိုးရက NMSP မွန်အဖွဲ ့(ဗဟို)သို ့ပေးပို့လာခဲ့ခြင်းအပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တားမြစ်ချက်နှင့်ပက်သက်၍ ပြည်နယ်အစိုးရသို့ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ခွဲခန့်က ပြန်လည်အကြောင်းကြားစာကို ပို့ဆောင်ထားပြီးဖြစ်မည်ဟု နိုင်ဝင်းလှကဆိုသည်။

အဆိုပါ မွန်အမျိုးသားနေ့အခမ်းအနားကို ဘုရားသုံးဆူမြို့နယ်ခွဲ၊ ဂျပန်ရေတွင်းကျေးရွာ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး တားမြစ်ချက်အကြောင်းကြားစာအပေါ် လိုက်နာဆောင်ရွက်ရန်မရှိဆိုသည့် သဘောဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်က ပြောဆိုသွားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...