မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် တပ်မတော်နှင့် အာဆာ တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ဆို

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် တပ်မတော်နှင့် အာဆာ တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ဆို

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်နေရာတွင် တပ်မတော်နှင့် ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်  နံနက် ၈ နာရီခန့်ကစတင်ပြီး မိုင်တိုင် ၃၉ နှင့် ၄၀ ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုတိုက်ပွဲအတွင်းမှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကိုလည်း ကြားလိုက်ရကြောင်း တောင်ပြိုလက်ဝဲမြို့မှ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

“နယ်စပ်မှာ သွားလာနေတဲ့ လှုပ်ရှားအဖွဲ့ ခလရ ၃၅၄ နဲ့ ARSA  အဖွဲ့တို့ဖြစ်ကြတာ။ ဖြစ်တာက မနက် ၈ နာရီကျော်ကနေစဖြစ်တာ။ လက်နက်ကြီးပစ်သံတွေကို ကျနော်တို့ ဆီကတောင် ကြားလိုက်ရတယ်။ ၁၀ နာရီကျော်မှာ အသံတိတ်သွားတယ်” ဟု ၎င်းကပြောသည်။

တောင်ပြိုလက်ဝဲ ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲဝန်ထမ်း တစ်ဦးကလည်း ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားသံများကို ကြားရပြီး အထက်လူကြီးများထံ အကြောင်းကြားစာများ ပေးပို့ ထားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။

 တောင်ပြိုလက်ဝဲမြို့ မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိရန် တပ်မတော်ဘက်သို့ နိရဥ္စရာသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

ထို့အတူ တိုက်ပွဲဖြစ်ပွားသည့် သတင်းနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြရန် မောင်တောမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ၎င်းမှာ အခမ်းအနားတစ်ခုသို့ ရောက်ရှိနေကြောင်း ပြန်လည် ဖြေကြားသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...