အင်တာနက် ဖြတ်တောက်မှု ရပ်ဆိုင်းရန်နှင့် မီဒီယာများ လွတ်လပ်စွာ သတင်းယူခွင့် ပေးရန် ကျောင်းသားအဖွဲ့ သုံးခု တောင်းဆို

အင်တာနက် ဖြတ်တောက်မှု ရပ်ဆိုင်းရန်နှင့် မီဒီယာများ လွတ်လပ်စွာ သတင်းယူခွင့် ပေးရန် ကျောင်းသားအဖွဲ့ သုံးခု တောင်းဆို

နီမင်းထွန်း — ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်ထားမှုကို ရပ်ဆိုင်းရန်နှင့် မီဒီယာများကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် ကျောင်းသားအဖွဲ့ သုံးဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ- ရန်ကုန်) တို့က ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်တွင်းစစ်နှင့်ပတ်သက်၍ စစ်ပွဲထက် နိုင်ငံရေးအရ အဖြေရှာရန် ပိုမို လိုလားကြောင်း၊ NCA(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် )ကဲ့သို့ အယောင်ပြမဟုတ်ဘဲ စစ်မှန်သော နည်းလမ်းအရသာ ချဉ်းကပ်ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျောင်နိုင်ဋ္ဌေးက “ရခိုင်ပြည်မှာ လက်တလောဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ကျောင်းသားသမဂ္ဂတွေ ပေါင်းပြီး ထုတ်ပြန် တာ ဖြစ်တယ်။ ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည် ကျလို့ ကျောင်းသား ကျောင်းသူ ၂၁ ဦး ဒဏ်ရာရသွားတာ ရှိတယ်။ အင်တာနက်လိုင်း ဖြတ်တောက်လိုက်တဲ့အတွက်လည်း အဖက်ဖက်က နစ်နာသွားတာ တွေ့ရတယ်။ မီဒီယာတွေကို လွတ်လပ်ခွင့် မပေးတာတွေ တွေ့ရတယ်။ ဒါကြောင့် ထုတ်ပြန်ရတာ ဖြစ်တယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းစစ်၏ ရလဒ်များအနေဖြင့် အရပ်သားပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခြင်း၊ ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ပျက်စီးခြင်း၊ သာသနိကအဆောက်အဦးများ၊ စာသင်ကျောင်းများကို စစ်တလင်းအဖြစ် အသုံးချခြင်းတို့အပြင် အဆိုပါ လုပ်ရပ်များ လုပ်ဆောင်ရန် အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချခြင်း၊ ပိုမိုဆိုးရွားသည်မှာ စာသင်ကျောင်းပေါ်  လက်နက်ကြီးကျည်ကျ၍ ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာ ရခြင်းစသည့် မဖြစ်သင့်သည့် ကိစ္စရပ်များ ဖြစ်ပွားလျက်ရှိကြောင်း ကြေညာချက်ထဲတွင် ရေးသားထားသည်။

ထုတ်ပြန်ချက်ထဲတွင် အချက် ၃ချက်ကိုလည်း တောင်းဆိုထားရာ 'ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် အင်တာနက် ဖြတ်တောက်ထားမှုများကို ချက်ချင်း ရပ်ဆိုင်းရန်၊ ၁၃/၂/၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ၊ မူလွန်ကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက်၍ ကျောင်းသား၊ ကျောင်းသူ (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိသည့် လုပ်ရပ်အပေါ် သက်ဆိုင်ရာကျူးလွန်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖြေရှင်းရန်နှင့် အလားတူ အငြင်းပွားစရာဖြစ်ရပ်များတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်တွင်း ပြည်ပ မီဒီယာများအား အချိန်မရွေး၊ နေရာမရွေး လွတ်လပ်စွာ သတင်းယူနိုင်ခွင့်ပြုရန်နှင့် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်များဖြင့်ဖွဲ့စည်းစစ်ဆေးရန်'စသဖြင့် ပါရှိသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...