ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် မန္တလေးတွင် စောင့်ကြည့်ခံနေရသည့် ဝူဟန်ပြန် မြန်မာကျောင်းသူ ကျောင်းသား ၅၉ ဦး အိမ်ပြန်ခွင့် ရ

ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် မန္တလေးတွင် စောင့်ကြည့်ခံနေရသည့် ဝူဟန်ပြန် မြန်မာကျောင်းသူ ကျောင်းသား ၅၉ ဦး အိမ်ပြန်ခွင့် ရ

မာန်ယုကျော် (ရွှေဝမြေ) — မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်(COVIT 19) သံသယဖြင့် စောင့်ကြည့်ခံနေရသည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လာကြသည့် မြန်မာကျောင်းသူ ကျောင်းသား ၅၉ ဦး ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် အိမ်ပြန်ခွင့်ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ် ဝူဟန်မြို့ရှိ တက္ကသိုလ်အချို့တွင် ပညာသင်ကြားနေကြသည့် ကျောင်းသူ ကျောင်းသားများ ဖြစ်ကြသည်။ ၁၄ ရက်ကြာ စောင့်ကြည့်ခံနေရပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ထူးခြားလက္ခဏာ မတွေ့ရ၍ နေရပ်အသီးသီးသို့ ပြန်ခွင့် ရရှိသွားခြင်းဖြစ်သည်။ အဆိုပါ ၅၉ ဦးထဲတွင် ရခိုင်ကျောင်းသား ကျောင်းသူ ၃ ဦး ပါဝင်သည်။

ထိုအထဲမှ စစ်တွေမြို့ဇာတိ ကိုနေအောင်ခိုင်က "အားလုံး ကျန်းကျန်းမာမာ ရှိကြတယ်။ တစ်ယောက်မှကို အဲလို လက္ခဏာပြတာတွေ၊ နေမကောင်းဖြစ်တာတွေ မရှိဘူး။ ရောက်လာတဲ့ ၅၉ ယောက်ဟာ ၅၉ ယောက်လုံး စောင့်ရှောက်မှု ခံပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ ထူးခြားမှုမရှိဘဲ ကျန်းကျန်းမာမာနဲ့ ကိုယ့်အိမ်ကိုယ် ပြန်ကြရတယ်"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကျောင်းသူ/သားများအား ကျန်းမာရေးထောက်ခံချက်နှင့် မြန်မာကျပ်ငွေတစ်သောင်း အပါအဝင် ကားလက်မှတ်နှင့် လက်ဆောင်ပစ္စည်းအချို့ကိုလည်း တာဝန်ရှိသူများက ပေးအပ်ခဲ့သည်ဟု သိရသည်။

သူတို့ နေရပ်မပြန်မီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဆေးရုံတာဝန်ရှိသူများကလည်း လာရောက်တွေ့ဆုံကာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ သတိထားကြရန် သတိပေးစကား ပြောကြားခဲ့သေးသည်ဟု သူက ပြောဆိုသည်။

'အခု အိမ်ပြန်မယ်ဆိုရင်လည်း သတိနဲ့တော့ နေ။ ဒါ ကောင်းတယ်၊ Almost တော့ ကောင်းတယ်၊ ဒါပေမဲ့ မပေါ့နဲ့။ ဒါ အလွန် အရေးကြီးပါတယ်။ ပေါ့လို့ မရဘူး'ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျောင်းသူ ကျောင်းသားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

ဝူဟန်ပြန် မြန်မာကျောင်းသူ ကျောင်းသား ၅၉ ဦးမှာ အစိုးရအစီအစဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် အထူးလေယာဉ်ဖြင့် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပြီး မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးသန့်အခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှုလုပ်ငန်းစဉ်များကို ခံယူခဲ့ကြရခြင်း ဖြစ်သည်။

၎င်းတို့ကို တရုတ်နိုင်ငံမှ ပြန်လည်ခေါ်ယူလာပြီးနောက် ကျန်းမာရေးစောင့်ကြည့်မှု ခံယူခဲ့ရသည့် မြန်မာနိုင်ငံမှ လေယာဉ်အမှုထမ်း ငါးဦးကိုလည်း အိမ်ပြန်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...