ကာကွယ်ရေးဦးစီးချုပ်မှ ရခိုင်ပြည်နယ်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့ဟုဆို

ကာကွယ်ရေးဦးစီးချုပ်မှ ရခိုင်ပြည်နယ်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့ဟုဆို

ချစ်အိလှိုင်  — မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော စစ်တွေမြို့ ရပ်မိရပ်ဖများအား လက်ခံတွေ့ဆုံ ပွဲတွင် ရခိုင်ပြည်နယ်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ကမ္ဘာ့သာသနာပြု ဆရာတော် အသျှင်စန္ဒြမုနိ ဗိမ္မာန်တော်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောသည်။

“မြေကိစ္စကိုသွားတာပါ။ တပ်ကလှူထားတဲ့ မြေဆိုတော့။ အခြားတော့မရှိဘူး။ သူကတော့ ရခိုင်ပြည်နယ်မှာ အခုလို မအေးချမ်းဖြစ်နေတာကို စိတ်မကောင်းဘူးပေါ့။ အဲလိုတစ်ခုပြောတာပါ။ အခြားဟာတော့ မဆွေးနွေးပါဘူး။ ဦးလေးတို့က နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ဘာသာရေး ကိစ္စသွားတာပါ”ဟု ဦးရွှေမောင်ကပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ တပ်မတော် ကြေး၊ ရေ၊လေ မိသားစု နာမည်နှင့် ငွေကျပ် သိန်း ၃ဝဝ နှင့် ဘိလပ်မြေ အိတ် ၂ဝဝဝ တို့အား အသျှင်စန္ဒြမုနိ ဗိမ္မာန်တော် အတွက် လှူဒါန်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

၎င်းကော်မတီ အတွင်းရေးမှူး ဦးရွှေကျော်သာက “နိုင်ငံရေး ကိစ္စနဲ့ ဘာမှ မဆွေးနွေးပါဘူး။ သူကတော့ စိတ်မကောင်းတာတွေပြောတယ်။ ရခိုင်မှာ တိုင်းမှူးလုပ်ခဲ့တယ်။ ဘာညာပေါ့။ ဦးလေးတို့က နိုင်ငံရေးသမားမဟုတ်ဘူး။ ကမ္ဘာ့သာသနာပြု ဆရာတော် အသျှင်စန္ဒြမုနိဗိမ္မာန်တော် တည်ဆောက်ရေး ကော်မတီအနေနဲ့သွားတာကို”ဟု ပြောသည်။

ကမ္ဘာ့သာသနာပြု ဆရာတော် အသျှင်စန္ဒြမုနိဗိမ္မာန်တော်ကို စစ်တွေမြို့လေဆိပ်အဝင်တွင် ၂၀၁၅ ခုနစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မုဓ်ဦးတည်ဆောက်ရန်မြေနေရာတွင် တပ်မြေနှင့် မလွတ်ကင်းသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လာရောက် တွေ့ဆုံခဲ့ပြီး ၎င်းမြေကို တောင်းဆို ခဲ့ကြသည်ဟု ဆိုသည်။

၎င်းလက်ခံ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့ အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့ တက်ရောက် ကြသည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...