မင်းပြားမြို့နယ် ဖားပျော်ရွာသားများ တိုက်ပွဲအကြားပိတ်မိနေ

မင်းပြားမြို့နယ် ဖားပျော်ရွာသားများ တိုက်ပွဲအကြားပိတ်မိနေ

နီမင်းထွန်း — တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော် (ဖားပြို) ကျေးရွာမှ ကျေးရွာသားအများအပြားမှာ ရွာထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖားပျော်ကျေးရွာအနီးတွင် နံနက် ၉ နာရီမှ ည ၇ နာရီကျော်ထိ တစ်နေကုန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း ထပ်မံ ဖြစ်ပွားနိုင်သဖြင့် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်သွားလိုကြသည်ဟု ကျေးရွာသား တစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင်  ဖုန်းဆက် ပြောဆိုသည်။

“ ဒီကနေ့(ဖေဖော်ဝါရီ ၁၅)မှာလည်း သေနတ်သံတွေက ဟိုက တစ်ချက်နှစ်ချက်၊ ဒီက တစ်ချက်နှစ်ချက် ကြားနေရပါတယ်။ မနေ့ကတော့ တစ်နေ့ကုန် ဖြစ်တယ်။ စစ်သားတွေလည်း ရွာထဲက မြစ်ကမ်းနား တစ်လျှောက်မှာ နေရာယူ ထားကြပါတယ်။ ပြီးရင် ဘိလပ်မြေ စက်ရုံဘက်ကနေ ရွာကနေ ထွက်တဲ့လူတွေကို လှမ်းပစ်နေပါတယ်။ ရွာသားတွေက တိုက်ပွဲ ဖြစ်မှာကို စိုးရိမ်ပြီး ရွာကနေ တစ်ခြား လုံခြုံတဲ့ နေရာကို ထွက်သွားချင်ပေမယ့် ထွက်သွားလို့ မရ ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ရွာသားတွေ ထွက်ခွာလို့ ရအောင် ကူညီစေလိုပါတယ်” ဟု ၎င်းကျေးရွာသားက ပြောဆိုသည်။

ကျေးရွာသားများမှာ လက်ရှိ ဘုန်းတော်ကြီးကျောင်းတွင်စုနေကြသလို တစ်ချို့မှာလည်း အိမ်အောက်တွင် ဝပ်နေကြရကြောင်း၊ တိုက်ပွဲဖြစ်လျှင် ရွာသားများပါ ထိခိုက်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ အခု ဖားပြို ရွာသားတွေနဲ့ ရာမောင်ဖက်ကပြေးလာတဲ့ ဒေခံ ၁၀၀ ကျော် ပိတ်မိနေတယ်။ တိုက်ပွဲလည်း ဒီနေ့ မနက်ထိ အရှိန်မသေသေးဘူးလို့ သိရတယ်။ အခု ရွာသားတွေ အရမ်းစိုးရိမ်နေကြတယ်လို့ ဖုန်းဆက်တယ် ” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်တိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “မနက်ကတည်းက ရွာနားမှာတိုက်ပွဲဖြစ်နေတာ။ စစ်တပ်က ရွာကို အကာအကွယ်ယူပြီးပစ်နေတယ်။ ကျနော်တို့ကို မနေ့ကတော့ ရွာကနေ  ထွက်သွားဖို့ပြောတယ်။  ကျနော်တို့ကတော့ ထွက်ပြေးလို့ ရောက်လာတယ်။ တခြားဒေသခံ ၁၀၀ ကျော်လောက် ပိတ်မိနေတယ်။  အခု ဒီနေ့ မနက် အချိန်အထိ တိုက်ပွဲ ဖြစ်မယ့် အနေအထားမှာ ရှိနေတယ်”ဟု နိရဥ္စရာတင်းဌာနကိုပြောသည်။

ဖားပြိုကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ ယမန်နေ့က တိုက်ပွဲ အအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယမန်နေ့က ခရီးသွားနေသူ အရပ်သား ၃ ဦး ကျည်ဆံထိန်မှန် ဒဏ်ရာ ရရှိခဲ့သည်။

မနေ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ၎င်းမင်းပြားမြို့နယ် ဖားပျော်ကျေးရွာတွင် လူငယ်တစ် ၁ ဦးတောထဲမှ ထင်းခုတ်ပြီးပြန်အလာ ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးသွားခဲ့သည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...