ကာချုပ်နှင့် တွေ့ခဲ့သည့် ရန်ကုန် ရခိုင်ဝန်ကြီး ပါတီဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ဆို

ကာချုပ်နှင့် တွေ့ခဲ့သည့် ရန်ကုန် ရခိုင်ဝန်ကြီး ပါတီဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ဆို

ချစ်အိလှိုင် — ပါတီအား အသိမပေး၊ ခွင့်မတောင်းဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည့်အတွက် ပါတီက စစ်ဆေးမေးမြန်းပါက ပါတီဆုံးဖြတ်ချက်ကို လိုက်နာရန် အသင့်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

“အဲဒါက ပါတီစည်းကမ်းတွေနဲ့ ပတ်သက်လို့ လိုအပ်ရင် လိုအပ်သလို အရေးယူခံဖို့ အသင့်ပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်ပါ။ ကျနော်တို့ ပါတီက ကျနော်တို့ကို တစ်ခုခု စုံစမ်း စစ်ဆေးဖို့ လုပ်ရင် ကျနော်က ခံယူဖို့ အသင့်ပါ။ အဲဒါက ပါတီရဲ့ စည်းကမ်းပါ” ဟု ဦးဇော်အေးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပါတီအား အသိမပေးဘဲ သွားရောက် တွေ့ဆုံခဲ့သည့်အတွက် ဦးဇော်အေးမောင်ကို ပါတီက ခေါ်ယူမေးမြန်းသွားမည်ဟု ပြောဆိုထားသည့်အပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဗဟို ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ကျနော်တို့ ပါတီဟာ နိုင်ငံရေးပါတီဖြစ်ပါတယ်။ နိုင်ငံရေးပါတီဖြစ်တာနဲ့အမျှ ကျနော်တို့မှာ ပါတီစည်းမျည်း စည်းကမ်းဆိုတာရှိပါတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ ပါတီဖွဲ့စည်းပုံမှာလည်း မည်သည့်ပါတီဝင်မဆို လိုက်နာရမည့် စည်းမျည်းစည်းကမ်းအပြည့်အစုံ ကျနော်တို့မှာပါပြီးသားပါ။ ဆိုတော့ CEC ဆုံးဖြတ်ချက်တွေလည်း ရှိတယ်။ မည်သည့် အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်နဲ့မဆို၊ အထူးသဖြင့် နိုင်ငံတော်အဆင့် နိုင်ငံတော်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ နောက်တစ်ခုက နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားပါတီများ တွေ့ဆုံမယ်ဆိုလို့ရှိရင် ဗဟိုကိုတင်ပြပြီးရင် CEC ဆုံးဖြတ်ချက်ကို ရယူရမယ်ဆိုတာ ကျနော်တို့မှာ ပါပါတယ်” ဟု ပြောသည်။

နိုင်ငံတော်အကြီးအကဲ တစ်ဦးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းကို ပြောလိုခြင်း မဟုတ်ကြောင်း၊ သို့သော် ပါတီအားတစ်စုံတရာ တင်ပြခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအမြင်နှင့် ထိုသို့ ပြုလုပ်ခြင်းသည် ပါတီစည်းမျည်းစည်းကမ်းအား ငြိစွန်းနေကြောင်း၊ ပါတီ၏ စည်းမျည်း စည်းကမ်းကို မိမိသဘောအလျှောက် ကျော်လွန်ရာကျကြောင်း ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

“ပါတီစည်းမျည်း စည်းကမ်းနဲ့ ငြိစွန်းလို့။ အဲဒါကြောင့် ကျနော်တို့ ပါတီဗဟိုက ခေါ်ယူ မေးမြန်းရမယ့် တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဝန်ကြီး ဦးဇော်အေးမောင်ကို ဗဟိုက ခေါ်ယူ မေးမြန်းဖို့ အခြေအနေရှိတယ်လို့ ကျနော့်အနေနဲ့ ပြောတာပါ” ဟု ANP ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ANP ပါတီဗဟိုက ဝန်ကြီးဦးဇော်အေးမောင်အား ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည်ကို မည်သည့်အတွက်ကြောင့် အလုပ်အမှုဆောင်ကော်မတီကို အကြောင်းမကြား၊ အသိမပေး မတင်ပြခဲ့သည်ကို မေးမြန်းမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ၏ မူဝါဒရေးရာဗဟို ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

ထိုတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့လည်း တက်ရောက်ခဲ့ကြသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...