မင်းပြားမြို့နယ် ရာမောင်တံတားအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ ကားအသွားအလာရပ်ဆိုင်း

မင်းပြားမြို့နယ် ရာမောင်တံတားအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ ကားအသွားအလာရပ်ဆိုင်း

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့်မှစတင်၍ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ကားအသွားအလာများ ရပ်ဆိုင်းနေသည်ဟု သတင်းရရှိသည်။

̏ မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုကို ရခိုင်တပ်တော်ကတိုက်တာလား။ ရခိုင်တပ်တော်ရှိတဲ့ နေရာကို မြန်မာတပ်မတော်က သွားတိုက်တာလား။ အဲဒါတွေကိုတော့ ကျနော်တို့က တိတိကျကျ မပြောနိုင်ဘူး။ အခုဖြစ်နေတာကတော့ ရာမောင်တံတားအနီးတွင် ဖြစ်နေတာ။ လက်နက်ကြီး ပစ်သံတွေလည်း ကြားရတယ်˝ဟု ကိုအမ်းသားကြီးမှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာ ရာမောင်း ဇက်ကူးတို့ဆိပ်နှင့် နီးပြီး လက်နက်ကြီး လက်နက်ငယ်သံများကို အနီးကပ်ကြားနေရသည်ဟု သည်ကံကျေးရွာ စစ်ဘေးရှောင် တစ်ဦးမှ ပြောသည်။

̏ တိုက်ပွဲက ဖားပြိုကျေးရွာကြားနဲ့ မင်းရွာကျေးရွာကြားမှာဖြစ်တာ။ တိုက်ပွဲကတော့ ၉နာရီ ကျော်လောက်က စဖြစ်တာ။ အခုချိန်ထိလည်း အသံတွေကြားနေရတယ်။ ကျနော်တို့ ရွာနဲ့ ၃ဖာလုံ လောက်ပဲဝေးတယ်။ ရွာထဲကိုတော့ လက်နက်ကျတာတွေတော့ မရှိသေး။ ရွာအထက်ကတော့ ကျည်သွားနေတာကို မြင်ရတယ်။ ကျနော်တို့ ရွာသားတွေလည်း ကြောက်လို့ဝပ်နေရတယ်˝ဟု ဒေသခံတစ်ဦးက ဖေဖော်ဝါရီ ၁၄ ၊ နံနက် ၁၀ နာရီက ဆက်သွယ်စဉ် ပြောကြားသည်။

မင်းပြားမြို့နယ် ရာမောင်းတံတားအနီးရှိ ဖားပြိုကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုရှိနေပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ် ကားအသွားအလာ ရပ်ဆိုင်းကုန်သည်ဟု သိရှိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...