လှေစီးဒုက္ခသည် ၂၀၀ ကို နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက စတင်စစ်ဆေး

လှေစီးဒုက္ခသည် ၂၀၀ ကို နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက စတင်စစ်ဆေး
by -
မဇ္ဈိမ
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
 မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းဆီးမိခဲ့သော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက စတင်စစ်ဆေးလျက်ရှိသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးလျက်ရှိပြီး ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများလည်း စစ်ဆေးရန် လာရောက်မည်ဟု ဆိုသည်။

၎င်းက “ဒီဘက်က စစ်ဆေးပြီး တောင်ပြိုလက်ဝဲမြို့နယ်ကို လွှဲလိုက်ပါပြီ။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်။ ရန်ကုန်က ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း လာစစ်မယ် ပြောပါတယ်။ သူတို့ အတည်ပြုပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို လွဲလိုက်မှာပါ။ လောလောဆယ်တော့ အတည်မပြုသေးပါဘူး” ဟု ဆိုသည်။

လှေစီးဒုက္ခသည် ၂၀၀ ကို မောင်တောမြို့နယ် အလယ်သံကျော်အုပ်စုမှ ဘင်္ဂလားဒေ့ရှ်နှင့် အနီးစပ်ဆုံး မြို့နယ်ခွဲဖြစ်သည့် တောင်ပြိုလက်ဝဲမြို့နယ်သို့ မေ ၂၅ ရက် နံနက်ပိုင်းက ပို့ဆောင်ထားပြီးဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုသည်။

လှေစီးဒုက္ခသည်များ၏ ထွက်ဆိုချက်နှင့် အထောက်အထားများအရ မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်သည်ဟု အတည်ပြု ပြောဆိုထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက စတင်စစ်ဆေးနေခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က သူ့နိုင်ငံသားဖြစ်ရင် သူတို့ တာဝန်ယူမယ်လို့ ပြောထားတယ်။ သူတို့ဘက်ကလည်း အခု စစ်နေပြီဖြစ်တဲ့အတွက် သိပ်အကြာကြီးတော့ ဒီဘက်မှာ မထားတော့ဘူး” ဟု  ဦးမောင်မောင်အုန်းက ပြောသည်။

ပင်လယ်ပြင်တွင်း ထောင်နှင့်ချီသော လှေစီးဒုက္ခသည်များကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောကြားလျက်ရှိသည်။ ရခိုင်ပြည်နယ်ရှိ  ဘင်္ဂါလီကျေးရွာများနှင့် ဘင်္ဂါလီဒုက္ခသည် စခန်းများမှ ဘင်္ဂါလီများ ထွက်ခွာမှုကို အစိုးရက တားဆီးမှုမရှိ ဟူသော စွပ်စွဲချက်များလည်း ရှိနေသည်။

ထိုစွပ်စွဲချက်များအပေါ် ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက “ဒါတွေက လူမှောင်ခိုသမားတွေ လူကုန်ကူးသူတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စမှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ဒုက္ခသည်တွေကို ညှဉ်းပန်းနှိပ်စက်လို့ ဖြစ်ရတယ်ဆိုတာကိုတော့ လုံးဝကန့်ကွက်ပါတယ်” ဟု ဆိုသည်။

ထိုဒုက္ခသည်များသည် ပင်လယ်ပြင်တွင် ရက်ပေါင်း ငါးဆယ်ခန့် မျောပါခဲ့ခြင်းဖြစ်ပြီး မေလ ၂၃ ရက်က ရခိုင်ပြည်နယ်
မောင်တောမြို့နယ်နှင့် ရေမိုင် လေးမိုင်အကွာတွင် ကင်းလှည့်ရေတပ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်က ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...