ရသေ့တောင်မြို့နယ် နေအိမ် ၁ဝ လုံး မီးရှို့ဖျက်ဆီးဟူသော တပ် စွပ်စွဲချက် အေအေ ငြင်း

ရသေ့တောင်မြို့နယ် နေအိမ် ၁ဝ လုံး မီးရှို့ဖျက်ဆီးဟူသော တပ် စွပ်စွဲချက် အေအေ ငြင်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရက်ခုံတိုင်ကျေးရွာရှိ နေအိမ် ၁ဝ လုံးကို AA အဖွဲ့က မီးရှို့ဖျက်ဆီးသွားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အပေါ် ရက္ခိုင့်တပ်တော်(AA)က ငြင်းဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေဖော်ဝါရီ ၁ဝ ရက်နေ့ သတင်းထုတ်ပြန်ထားချက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရက်ခုံတိုင်ကျေးရွာ(ဒေသအခေါ် တံခွန်တိုင်)သို့ရောက်ရှိစဉ် လူနေထိုင်ခြင်းမရှိသည့် နေအိမ် ၈၀ လုံးနှင့် ၎င်းတို့အနက်မှ မီးရှို့ခံထားရသည့် နေအိမ် ၁၀ လုံး တွေ့ရှိရပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ Baigish တံဆိပ်ပါ မှန်ပြောင်း ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ဂေါ်ပြား ၁၂ ချောင်း၊ AA ဘက်တံဆိပ် ၁ စုံနှင့် ၁ ပေ ပတ်လည် AA အလံ ၁ ထည် သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

AA မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “အဲဒီကိစ္စကတော့ သူခိုးက လူပြန်ဟစ်တာ။ အဲဒီဟာ မြန်မာ့တပ်မတော်က နေပြီးတော့ ရွာသားတွေ မရှိခိုက်မှာ အိမ်တွေကို တက်ပြီးတော့ ဖောက်ထွင်းခိုးယူမှုတွေ လုပ်ခဲ့တာ။ နောက်ပြီးလို့ရှိရင် ရွာတွေကို မီးရှို့တာ။ အခုဒီရက်ပိုင်းမှာ မြန်မာစစ်တပ်က မြေလှန်စနစ်ကျင့်သုံးနေတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ဆက်လက်၍ တပ်မတော်ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်  ၈ ရက်တွင်လည်း ရက်ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အတွင်းမှ မြန်မာကျပ်ငွေ ၅ ဘီလီယံခန့် တန်ဖိုးရှိ WY စာတမ်းပါစိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၅ သန်း၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ လမ်းလျှောက်စကားပြောစက် ၅၂ လုံး၊ ဒေသန္တမိုင်းပြုလုပ်ရာတွင် အသုံးပြုသည့်  ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် AA အင်အား ၂၅၀ ဦးခန့်သည် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အကျအရှုံးများ စွာဖြင့် ပြန်လည်ဆုတ်ခွာလာစဉ် ရက်ခုံတိုင်ကျေးရွာသို့ အရောက်၌ ကျေးရွာအတွင်းရှိ နေအိမ်များက်ို မီးရှို့ဖျက်ဆီးကာ ဒဏ်ရာရလူနာများကို သယ်ဆောင်၍ ၎င်းကျေးရွာ၏ မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ AA များအနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင်လည်း ရသေ့တောင်မြို့နယ်၊ လွမ်းတောင်ကျေးရွာသို့ဝင်ရောက်၍ ကျေးရွာအတွင်းရှိ  နေအိမ် ၃၀ လုံးအား ဖျက်ဆီးခြင်း၊ နွား ၄၀ ကောင်၊ ရွှေ ၁၀ ဒသမ ၅ ကျပ်သားခန့်၊ ငွေကျပ် ၃၉ သိန်းကျော်နှင့် စျေးဆိုင် ၃ ဆိုင်မှ ကာလတန်ဖိုးငွေကျပ် ၁၉ သိန်းကျော်ရှိ ပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “မြန်မာစစ်တပ်ဟာ သတင်းလက်ဦးမှုယူပြီး သူတို့ပိုင်တဲ့မီဒီယာတွေဆီကတဆင့် သတင်းမှားတွေကို ထုတ်ပြန်နေတာပါ”ဟု တုံ့ပြန်ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...