ဒဏ်ရာပြင်းထန်သည့် ကျောင်းသားများကို တင်ဆောင်လာသော ယဉ် သုံးနာရီခန့်ကြာ စစ်ဆေးခံခဲ့ရ

ဒဏ်ရာပြင်းထန်သည့် ကျောင်းသားများကို တင်ဆောင်လာသော ယဉ် သုံးနာရီခန့်ကြာ စစ်ဆေးခံခဲ့ရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ကျောင်းသား လေးဦးကို တင်ဆောင်လာသောကားမှာ သုံးနာရီခန့်အကြာ စစ်ဆေးခံခဲ့ရကြောင်း သိရသည်။

လူနာများကို မျောက်တောင်ကျေးရွာမှ ကျောက်တော်ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၁ ရက် ညနေပိုင်းက ဖြူစင်မေတ္တာပရဟိတအသင်း လူနာတင်ယဉ်များဖြင့် သယ်ဆောင်လာစဉ် တပ်မ ၃၇၆ ဂိတ်တွင် ညနေ ၇ နာရီကျော်မှစတင်ပြီး ည ၁ဝ နာရီခွဲခန့်အထိ ၃ နာရီခန့်ကြာ စစ်ဆေးခံရသည်ဟု လူနာသယ်ဆောင်လာသူများက  နိရဥ္စရာသို့ ပြောသည်။

ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ကိုညီပုက “ကျနော်တို့ နယ်လုံဝန်ကြီးကိုလှမ်းပြီး အကူအညီတောင်းပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကို လှမ်းလို့အကူအညီတောင်းတယ်။ လွှတ်တော်ဥက္ကဋ္ဌကတဆင့် နယ်လုံဝန်ကြီးကိုပြောတယ်။ ကျနော်တို့က နယ်လုံဝန်ကြီးကိုပြောတော့ နယ်လုံဝန်ကြီးက တိုက်ရိုက်ဖုန်း ဂျွိုင်းပြီးတော့ စပီကာဖွင့်ပြီးတော့ သွား၊ သွားဆိုပြီးတော့ ကျနော်တို့ ဂိတ်တွေမှာ အစစ်ခံရပါတယ်။ အခုတော့ ရောက်ပါပြီ ဆေးရုံကို။ ကျနော်တို့ ၇ နာရီ ၂၂ ကနေဖြတ်တာ အခု ၁၀ နာရီ ၃၁ မိနစ်မှာ ဆေးရုံကို ရောက်ပါတယ်” ဟု ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ကျောင်းသားများတွင် သွေးသွင်းရမည့် လူနာများလည်း ပါသလို စိုးရိမ်ရသည့် လူနာလည်း ပါရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

လူနာတင်ကား စစ်ဆေးခံခဲ့ရမှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထံသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ကျနော်တို့က ရဲကိုပြောတယ်။ ရဲကိုအဆက်အသွယ်လုပ်ပေးလို့ပြောတော့ ဟိုက တပ်နဲ့အဆက်အသွယ်မရလို့ပြောတယ်။ ကျနော်တို့က မျောက်တောင်က ကလေး ၄ ယောက်ကို ၁ နာရီလောက်ကနေပြီးတော့ ဖြူစင်မေတ္တာကားနဲ့သွားခေါ်တယ်။ ကျနော်ကြိုးစားတာ မိုးမချုပ်ခင်ရအောင် ကြိုးစားတာလေ။ အခု မိုးချုပ်သွားတယ်။ ဖြတ်လို့ရဖို့အတွက် ကြိုးစားတာ ဖြတ်လို့မဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတာကို ကျနော်တို့ဘယ်လိုသိမလဲ”ဟု ပြောသည်။

ဒဏ်ရာရရှိသွားသည့် ကျောင်းသားများမှာ ၅ တန်းကျောင်းသား မောင်ဝေယံမိုး(၁၀)နှစ်၊ ၁၀ တန်းကျောင်းသား များဖြစ်သည့် မောင်ဦးသန်းဇော်(၁၈)နှစ်၊ မောင်ကိုကိုဟိန်း(၁၈)နှစ်နှင့် မောင်ပိုင်စိုး(၁၇)နှစ်တို့ဖြစ်သည်။ ၎င်းတို့သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကျေးရွာအနီး ကုလားတန်မြစ်ကမ်းအနီး ဘောလုံးကစားနေစဉ် အနီးသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သည်။

ဒဏ်ရာရသူများအနက် မောင်ကိုကိုဟိန်းတွင် ဘယ်ဖက်လက် ပြတ်ထွက်သွားပြီး ကျန် သုံးဦးတွင်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံသို့ ယင်းသို့ အရေးပေါ် ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...