မြောက်ဦးမြို့ပေါ် စစ်ဆေးမှုများရှိ၊ ဒေသခံများ အခက်တွေ့နေ

မြောက်ဦးမြို့ပေါ် စစ်ဆေးမှုများရှိ၊ ဒေသခံများ အခက်တွေ့နေ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် လမ်းသွားလမ်းလာများကို စစ်ဆေးမှုများရှိနေ၍ အခက်တွေ့နေကြသည်ဟု ဒေသခံများက ပြောသည်။

မြို့မစျေးအဝင် ဗန္ဓုလတံတားမှ စျေးသို့ ဖြတ်သန်းသွားလာသူများနှင့် မြောက်ဦးမြို့အဝင်အထွက် လမ်းသွားလမ်းလာများကို ဇန်နဝါရီ နောက်ဆုံးပတ်က စတင်ကာ ယခုချိန်ထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၁၂ တွင် ပြောသည်။

 “အသွားအပြန် နေ့တိုင်းစစ်ဆေးပါတယ်။ နယ်တွေကို သုံးဘီးတွေနဲ့ ဆန်လာရောင်းရင်လည်း ဘယ်သွားတာ၊ ဘာလာလုပ်တာ၊ ဘာရောင်းမလို့ သွားတာလဲ၊ ဘာညာမေးစစ်တယ်။ အဲဒီလိုပဲ ရောင်းစားဖို့ လာကြတဲ့ သူတွေဆိုလည်း အဆင်မပြေပါဘူး။ တချို့မြို့ကိုလာတဲ့သူတွေက မှတ်ပုံတင်တွေ မပါလာကြဘူးလေ။ မှတ်ပုံတင်စစ်တဲ့နေ့ဆိုရင် မှတ်ပုံတင်မပါလာကြရင် မသွားကြရပြန်ဘူး။ အဲလိုမျိုး အခက်အခဲတွေ ရှိပါတယ်”ဟု မြောက်ဦးမြို့နေ ဒေါ်သန်းသန်းနွယ်က နိရဥ္စရာသို့ ပြောသည်။

ရဲ၊ စစ်တပ်နှင့် ယာဉ်ထိန်းရဲတို့ ပူးပေါင်း၍ စစ်ဆေးခြင်းဖြစ်ပြီး လမ်းသွားလမ်းလာများ စိတ်အနှောင့်အယှက်ဖြစ်ကြရ၍ စစ်ဆေးနေရာ လမ်းမှ မသွားဘဲ အခြားမှ ရှောင်ကွင်းသွားလာနေရကြောင်း ဒေသခံများက ပြောသည်။

“အစစ်အဆေးတွေ တစ်ရက်ထက်တစ်ရက် တော်တော် များလာပါတယ်။ မြောက်ဦးမှာဆိုပေမယ့် ကျွန်တော်တို့လည်း မြောက်ဦးမြို့ထဲမှာ ထွက်သွားနေတာပဲလေ။ အဲဒါကို ကျွန်တော်တို့ကို မှတ်ပုံတင်ပါလား မေးတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က စျေးသွားတာလို့ ပြောတော့ စျေးသွားတာတို့ ဘာတို့ နားမလည်ဘူး။ သွားတဲ့ နေရာတိုင်းမှာ မှတ်ပုံတင်ပါရမယ် ပြောပါတယ်။ မသိနားမလည်တဲ့ ကလေးတွေဆို ကြောက်နေကြပါပြီ။ ဘာပဲဖြစ်ဖြစ် စစ်သားမြင်ရင်တော့ ကြောက်ကြတာပဲလေ” ဟု မြောက်ဦး ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

စစ်ဆေးမှုမှာ အချိန်အတိအကျမရှိဘဲ နေ့ညမရွေး စစ်ဆေးပြီး ဆိုင်ကယ်၊ သုံးဘီးများ၊ မှတ်ပုံတင်၊ လက်ကိုင်ဖုန်းနှင့် လူတစ်ဦးချင်းစီ၏ အထုပ်အပိုးများကို ဖွင့်ဖောက်ရှာဖွေစစ်ဆေးကြောင်း သိရသည်။

မြောက်ဦးမြို့မှ သုံးဘီးဆိုင်ကယ်မောင်းသူ ကိုအောင်နိုင်က “အဝင်လည်း စစ်တယ်။ အထွက်လည်း စစ်တယ်။ စျေးသွားတဲ့သူတွေကိုလည်း စစ်ဆေးပါတယ်။ လူတွေကို မေးတယ်ပေါ့နော်။ ဘယ်သွားမလဲ။ ဘယ်ကလာတာလဲ။ အဲဒီလိုပေါ့။ မှတ်ပုံတင်ကျတော့ မြို့အဝင် အထွက်၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘက်တွေမှာ စစ်ပါတယ်။ တစ်ခါတလေ ဖုန်းတွေကိုလည်း စစ်ပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း “စစ်ဆေးတာက ဟုတ်ပါတယ်။ လက်နက်ကိုင်ဆိုတော့ သူတို့တွေကလည်း ကြောက်ကြတယ်ပေါ့နော်။ ကြောက်တဲ့အတွက် စျေးသွားပြီး မဝယ်ရဲကြဘူး။ လမ်းကို ဖြတ်ပြီး မသွားရဲ မလာရဲတာတွေ ဖြစ်နေကြပါတယ်”ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ဘက်သို့ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...