ဘူးသီးတောင်မြို့နယ် သေကံခွဆုံရွာသို့ ရွာပေါင်း ၂၀ မှ စစ်ပြေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်ခိုလှုံ

ဘူးသီးတောင်မြို့နယ် သေကံခွဆုံရွာသို့ ရွာပေါင်း ၂၀ မှ စစ်ပြေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်ခိုလှုံ

ခိုင်လူလှ( ရိုးမမြေ) — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း သေကံခွဆုံကျေးရွာသို့ ရွာပေါင်း ၂၀ ခန့်မှ စစ်ပြေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်ခိုလှုံလာကြောင်း သတင်းရရှိသည်။

သေကံခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးက “ လူ‌ပေါင်း ၁၅၃၆ ဦး ကျနော်တို့ရွာကို ရောက်ရှိနေပါတယ်။ ရောက်လာတဲ့ စစ်ပြေးရှောင်တွေက လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ ရသေ့တောင်မြို့နယ် ရွာပေါင်း ၂၀ လောက်က လူတွေ ဖြစ်ကြပါတယ်။ အဓိကတော့ တိုက်ပွဲကြားမှာ ညှပ်ပါသွားမှာကို ကြောက်ပြီး ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထွက်ပြေးလာကြသည့် စစ်ဘေးရှာင်များမှာ ရေစိုးချောင်း၊ ကုန်တန်း၊ သမီးလှ ရွာသစ်၊ သမီးလှဟောင်း၊ ကျောက်ပြင်ဆိပ်၊ သိုင်းတစ်ပုတ်၊ ခရုချောင်း၊ ရေကောင်းချောင်း၊ အိုးဖောက်၊ ဇေယျာမြိုင်၊ စျီးခေါင်း၊ ပြိန်းတော စသည့် ကျေးရွာများမှ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ လောလောဆယ်တော့ ရှိနေတဲ့ ဆန်ကို မျှစားနေကြရပါတယ်။ လူကယ်ပြန်ကနေ ပထမဆုံးရောက်လာတဲ့ လူ ၆၀၀ စာ ဆန်အိတ်တွေ ထုတ်ပေးထားတာရှိတယ်။ အဲဒီဆန်ကို လောလောဆယ် အသုံးပြုနေပါတယ်။ နောက်ထပ်ရောက်လာတဲ့ သူတွေအတွက်လည်း စာရင်းတွေ လုပ်ပြီးရင် ဆက်ပြီး မြို့နယ်ကိုတင်ပြသွားပါမယ်။ ဆန်ကတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ ရိက္ခာကတော့ အခက်အခဲရှိနေပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

သမီးလှ ရွာဟောင်းမှ အမျိုးသမီးတစ်ဦးက “ တိုက်ပွဲ ဖြစ်ပြီး ထွက်ပြေးလာကြပါတယ်။ လက်နက်ကြီးပစ်လို့ မီးလောင်သွားတယ်။ သမီးတို့ရွာက ထွက်ပြေးလာတဲ့အခါ မီးခိုးလုံးတွေ တက်နေတာကို မြင်ခဲ့ရပါတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်းအတွင်း တည်ရှိသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ ရွာသား ထောင်ချီရှိသော ကျေးရွာသားများသည် ကြောက်လန့်စိုးရိမ်ပြီး အနီးအနားရှိ သေကံခွဆုံသို့ သာမက ရသေ့တောင်မြို့ပေါ်နှင့် စေတီပြင် ကျေးရွာသို့ ထွက်ပြေးမှုများရှိနေကြသည်ဟု သတင်းရရှိသည်။ 

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...