မိုးမောက်တွင် ကျပ် သိန်း ၁၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မိုးမောက်တွင် ကျပ် သိန်း ၁၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
မွန်းမွန်းပန်
မွန်းမွန်းပန်

မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဥ်တစ်စီးထံမှ ငွေကျပ်သိန်း ၁၇၀၀ ခန့်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၃ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါများကို ဗန်းမော် မြို့နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁)မှ ဒုရဲအုပ် ဖြိုးသူအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့်အတူ သတင်းအရ စောင့်ဆိုင်းနေစဉ် လွယ်ဂျယ်မှ မိုးမောက်မြို့သို့ ဆိုင်းဆန်မိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်၏ အနောက်ဖက်ခြမ်း စက္ကူဂျပ်ဖာပုံးတွင် ထည့်ထားသော ရောင်စုံဆပ်ပြာခွက်များ အတွင်းမှ ကာလတန်ဖိုးငွေကျပ်(၁၆၉၄)သိန်းရှိသော ဘိန်းဖြူအမှုန့် အလေးချိန် ၁၆၉၄ ဂရမ် ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း မိုးမောက်မြို့မရဲစခန်းထံမှ သိရသည်။

ကားမောင်းနှင်လာသူက ၎င်းအနေဖြင့် လွယ်ဂျယ်မှ မြစ်ကြီးနားသို့ ပြန်မည်ဖြစ်ပြီး လွယ်ဂျယ်မြို့ အူမားဘွမ်ကားဂိတ်မှ ဂိတ်မှူး နှင့် ဂိတ်စာရေးမ တို့က မြစ်ကြီးနားမြို့ အဝေးပြေးကား ၀င်းအတွင်းရှိ အူမားဘွမ် ကားဂိတ်သို့ ပို့ဆောင်ပေးရန် တင်ဆောင်ပေးလိုက်သည့် ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုရာ ဖမ်းဆီးရေးအဖွဲ့က လွယ်ဂျယ်လှုပ်ရှားအဖွဲ့သို့ ဆက်သွယ်ပြီး သွားရောက်ဖမ်းဆီး ရမိခဲ့ကြောင်း မိုးမောက်မြို့မရဲစခန်းမှသိရသည်။

ထို့သို့ မူးယစ်ဆေးဝါးများ တင်ဆောင်လာသူ အမျိုးသားနှင့်အတူ၊ လွယ်ဂျယ်မြို့၊ အူမားဘွမ်ဂိတ်မှူး နှင့် ဂိတ်စာရေးမ နှင့် မြစ်ကြီးနားမြို့နေသူ(စုံစမ်းဆဲ)တို့ကို မိုးမောက် မြို့မရဲတပ်ဖွဲ့ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...