ကချင်တော်လှန်ရေးနေ့က ပြဇာတ်နှင့်ပတ်သက်ပြီး KBC မှ ဆရာနှစ်ဦးကို ရမန် ရယူကာ ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်း

ကချင်တော်လှန်ရေးနေ့က ပြဇာတ်နှင့်ပတ်သက်ပြီး KBC မှ ဆရာနှစ်ဦးကို ရမန် ရယူကာ ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်း

Ah Je  - မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကျင်းပသည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ ပြဇာတ်တင်ဆက်မှုနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ဆရာနှစ်ဦးကို မြို့မ ရဲစခန်းတွင် ချုပ်ရက်( ရမန်)ယူကာ ဆက်လက်ထိန်းသိမ်းထားဦးမည် ဖြစ်ကြောင်း သိက္ခာတော်ရ ဒေါက်တာ လဝမ်က ပြောသည်။

"ဒီနေ့( ဖေဖော်ဝါရီ ၇)တရားရုံးမှာ ရမန်ယူပြီး စခန်းမှာ ဆက် ထိန်းသိမ်းထားတာပါ။ အခုအခြေအနေက အားလုံး အဆင်ပြေအောင်ဆိုပြီး ညှိနှိုင်းနေတဲ့ အခြေအနေပဲ ဖြစ်တယ် ''ဟု ဒေါက်တာလဝမ်က ပြောသည်။

ခရစ်ယာန်သိက္ခာတော်ရဆရာတော် ဦးဘိမာဒေါင်လွမ်း နှင့် လူငယ်တာဝန်ခံဆရာတူးထန်တို့ မြစ်ကြီးနားမြို့  မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၆ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စတင် စစ်ဆေးခံရခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့်   KBC  ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွမ် နှင့် တာဝန်ရှိသူများက  ဖေဖော်ဝါရီ ၇ ရက်တွင် ဆွေးနွေးခဲ့ကြပြီး နောက်တစ်ရ်တွင်လည်း ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြဇာတ်တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) စတင်သည့် အကြောင်းအရာကို KIA တံဆိပ်မပါသည့် စစ်ယူနီဖောင်းများဖြင့် သရုပ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...