တရားမဝင်လမ်းကြောင်းမှ ပြန်လာသော မြန်မာနိုင်ငံသား ၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး

တရားမဝင်လမ်းကြောင်းမှ ပြန်လာသော မြန်မာနိုင်ငံသား ၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး

အက်စတာ — တရုတ်နိုင်ငံမှ ကချင်ပြည်နယ်သို့ တရားမဝင်လမ်းကြောင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ဆဒုံးဂိတ်တွင်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

“တရားမဝင်လမ်းကြောင်းက ဝင်ရောက်တဲ့ပြည်သူတွေ ဆဒုံးဂိတ်မှာ တွေ့တော့ ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့တွေ ချက်ချင်းစေလွတ်ပြီးတော့  ကျားရော ၊ မရော အားလုံး ၂၈ ယောက်ကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ” ဟု ဦးဇော်ဝင်းကပြောသည်။

တရားမဝင်လမ်းကြောင်းဖြစ်သည့်အတွက် ယင်းလမ်းကြောင်းများမှ ဝင်ထွက်သွားလာသူ စာရင်းအတိအကျကို မသိရှိနိုင်ကြောင်း နှင့် တရားမဝင်ဂိတ်များအနေဖြင့်  ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ဂိတ်၊ ချီဖွေမြို့နယ် ဖီမော်ဂိတ်၊ ကန့်ဖန့်ဂိတ်၊ အမှတ် ၆ ၊ အမှတ် ၇၊ ချီဖွေမြို့နယ် လှိုင်တန်ရွာအနီး တရုတ်နိုင်ငံမှ  ၂ မိုင်ခန့်ကွာဝေးသည့် ဂိတ်များ ရှိနေကြောင်း ၎င်းကပြောသည်။

“တရားမဝင်ဂိတ်ကနေ သွားလာနေတဲ့ အရေအတွက် အချက်အလက်ကို မရနိုင်ပါဘူး တရားမဝင်ဂိတ်တွေရှိတယ်ဆိုတာ ကျွန်တော်တို့လည်းသိပါတယ် တရားမဝင်ဂိတ်ဖြစ်တဲ့အတွက် တရားဝင် ဒေတာတော့မရနိုင်ပါဘူး ” ဟု ဦးဇော်ဝင်းက ထပ်မံ ရှင်းပြပြောဆိုသည်။

တရုတ်နိုင်ငံ ဝူဟန်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရစ် တားဆီးနိုင်ရေးအတွက် တရားဝင် တရုတ်နယ်စပ်ဂိတ်များတွင်  ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး  ဇန်နဝါရီ၂၉ ရက်နေ့အထိ  သံသယလူနာတစ်ဦးမှ မတွေ့ရှိသေးကြောင်း သိရသည်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...