ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရှင်းများကို မှန်၊ မမှန် ကြည့်ရှုနိုင်ပြီ

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရှင်းများကို မှန်၊ မမှန် ကြည့်ရှုနိုင်ပြီ
by -
မဇ္ဈိမ
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားပြီဖြစ်သည်။

မဲစာရင်းစတင်ထုတ်ပြန်သည့် ပထမနေ့အခြေအနေကို သိရှိရန် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်နေရာ လစ်လပ်နေသည့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ၉၄ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ကို မဇ္ဈိမက သွားရောက်မေးမြန်းခဲ့ရာ “အခုလာကြည့်တဲ့လူကနည်းသေးတယ်" ဟု ပြောသည်။

အဆိုပါ ကော်မရှင်ရုံးတွင် မဲစာရင်းကို နေ့လည် ၃နာရီခန့်မှ ကပ်နိုင်သည်ဟုလည်း သိရသည်။ အကြောင်းရင်းကို မဇ္ဈိမက မေးမြန်းကြည့်ရာ "ခရိုင်ဥက္ကဋ္ဌက နေ့ခင်း ၃ နာရီလောက်မှလာပြီး လမ်းမှူးတွေက တစ်ဆင့် မဲစာရင်းတွေကို အသိပေးတဲ့နည်း ကျင့်သုံးပါလို့ ပြောလို့ အခုမှပေးရတာ။ သူ့လမ်းတွင်းမှာဆိုတော့ ပြည်သူကိုသူက ခေါ်လို့ရတယ်။ လာကြည့်ဖို့ လည်းကြေငြာလို့ရတယ်။ ဗီနိုင်းတွေ၊ လက်ကမ်းစာစောင်တွေလည်းပေးထားပြီးပြီ။ လာရောက်ကြည့်ရှု့ပါပြောရင် ပြည်သူကလာကြည့်မယ်။ အဘတို့မှာ လမ်းမှူး ၄၉ ယောက်ရှိတာ အခု ၂၅ ယောက်ပေးပြီးပြီ။ ဒီညဆိုရင်တော့ အကုန်ကုန်ပါပြီ။” ဟု ရှင်းပြသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှု့စဉ်အတွင်း မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေး ရန်တောင်းဆိုခြင်း၊ မပါ၀င်သင့်သည့် အမည်များ ပါ၀င်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်သည်။

ထိုပုံစံဖောင်များကို ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ရယူနိုင်ကြောင်းသိရပါသည်။ ထိုသို့ ဖြည့်စွက်၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းများကို ၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ပြန်လည်ထုတ်ပြန်ကြေငြာပေး သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

မှန်ကန်သော မဲစာရင်းများရရှိရေးအတွက် အနည်းဆုံး ၁ အိမ်ထောင် ၁ ယောက် လာလောက်ကြည့်ရှု့ပေးရန် ရွေးကောက်ပွဲကော်မရှင်မှ တိုက်တွန်းထားသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် မဲဆန္ဒနယ် စုစုပေါင်း ၁၉မြို့နယ်ရှိပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၉) နေရာ၊ လစ်လပ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၃) နေရာနှင့် လစ်လပ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၇) နေရာရှိရာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၈နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...