အကူအညီ ဖြတ်ခံရမှု ကရင်ပညာရေးစနစ် ယိုင်လဲသွားနိုင်ကြောင်း KTWG ပြောဆို

အကူအညီ ဖြတ်ခံရမှု ကရင်ပညာရေးစနစ် ယိုင်လဲသွားနိုင်ကြောင်း KTWG ပြောဆို

အလှူရှင်များ၏ ကူညီထောက်ပံ့မှု ဖြတ်တောက်ခံရခြင်းကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသရှိ ကရင် ပညာရေး စနစ်သည် ယိုင်လဲသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကရင်ကျောင်းဆရာ ပူးပေါင်း လုပ် ဆောင်မှုအဖွဲ့ (KTWG)က အရေးပေါ် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကရင်ကျောင်းဆရာပူးပေါင်း လုပ်ဆောင်မှုအဖွဲ့၏ လူမှုကွန် ယက်စာမျက်နှာတွင် ဖော်ပြထားပြီး ၎င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်သည့် အလှူရှင်များမှ ယခုနှစ်မှစ၍ ကူညီ ထောက်ပံ့မှု ၈၀ရာခိုင်နှုန်းကို ဖြတ်တောက်သွားမည်ဟု KTWG က ဆိုသည်။

KTWG၏ ဒါရိုက်တာ နော်လယ်ထူးက “သူတို့ပြောထားတာက ကရင် ပညာရေး စနစ်ကို ကောင်းမွန်အောင် လုပ်ပေးမယ်ပေါ့။ ဒါပေမဲ့ ဒီလို ကူညီမှု ဖြတ်တောက်သွားမည်ဆိုရင် ရှေ့ဆက်ပညာရေး စနစ်ကောင်းမွန်လာဖို့ ဆိုတာက မဖြစ်နိုင်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပညာရေးစနစ် အားကောင်းလာရေး ရည်မှန်းကာ အဓိကမိတ်ဖက် အလှူရှင် တစ်ဖွဲ့က ထောက်ပံ့မှု ၈၀ ရာခိုင်နှုန်းကို ရုတ်တရက်ဖြတ်တောက်သွားမည့်အပေါ် KTWG လက်အောက်တွင် ပညာသင်ကြားနေသူ ကျောင်းသူ၊ ကျောင်းသား ၁၆၀,၀၀၀ (တစ်သိန်းခြောက်သောင်း)၏ ပညာရေးထိခိုက်နိုင်သလို ကရင်ပညာရေး စနစ်ကိုပါ ယိုင်လဲသွားစေသည့် အန္တရာယ် ဖြစ်ပေါ်နေသည်ဟု ကြေညာချက်ထဲတွင် ဖော်ပြပါရှိသည်။

ကရင်ကျောင်းဆရာပူးပေါင်းလုပ်ဆောင်မှုအဖွဲ့ (KTWG)နှင့် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) တို့သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသများတွင် ၂၅ နှစ်ကြာ ပညာရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခဲ့ရာတွင် တဖြည်းဖြည်းတိုးတက်ပြောင်းလဲမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခုလိုအဓိကမိတ်ဖက် အလှူရှင်က လာမည့် ဇွန်လတွင် ထောက်ပံ့မှု ၈၀ ရာခိုင်နှုန်းကို ဖြတ်တောက်မည်ဟု အသိပေးလာသည်။ ထို့ကြောင့်ဆရာ၊ ဆရာမများထောက်ပံ့မှုနှင့် မွမ်းမံမှု၊ သင်ထောက်ကူ ပစ္စည်း၊ ကျောင်းစီမံ ခန့်ခွဲမှုအပိုင်းစသည့် ပညာရေးလုပ်ဆောင်မှုကဏ္ဍ အသီးသီးတွင် သက်ရောက်မှုရှိမည်ဟုKTWG က ပြောသည်။

ပြီးခဲ့သည့်၂၀၁၇ခုနှစ်မှစ၍ မြန်မာ့ပညာရေး မြှင့်တင်မှု လက်တွဲဆောင်ရွက်ရေးအဖွဲ့ (Myanmar Education Consortium)အနေဖြင့် KTWG နှင့် ပညာရေး စနစ်တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ သုံးနှစ်ကျော် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားခြင်း ဖြစ်သည်။

လက်ရှိ KTWG အဖွဲ့အနေဖြင့် အစိုးရလက်လှမ်းမမှီသည့် KNU နယ်မြေ အတွင်းရှိ ကရင်ကျောင်းများမှ ဆရာ/ ဆရာမ များအတွက် ဆရာဖြစ်သင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် ကျောင်းစီမံအုပ် ချုပ်မှုသင်တန်းများ အပါ အဝင် လုပ်ငန်း ၆ ခုကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။ KTWG သည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ကရင် ပညာရေးဆိုင်ရာလုပ်ငန်းများကို ယနေ့အထိ လုပ်ဆောင်နေသည့် ကရင်လူမှုအဖွဲ့ အစည်းတစ်ခု ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...