အမ်းမြို့နယ်တွင် ကလေး ၅၀ ဦးခန့် ဖျားနေပြီး ဆေးလာကုသည့် လေးဦးကို ဝက်သက်သံသယလူနာဟု ဆေးရုံက သတ်မှတ်

အမ်းမြို့နယ်တွင် ကလေး ၅၀ ဦးခန့် ဖျားနေပြီး ဆေးလာကုသည့် လေးဦးကို ဝက်သက်သံသယလူနာဟု ဆေးရုံက သတ်မှတ်
အမ်းမြို့နယ် သလူမော်ကျေးရွာမှ ကလေး (၄၀)ကျော်မှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။ လတ်တလောတွင် ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူသည့် ကလေး(၄)ဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။ ဆေးကုသမှုခံယူနေသူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဖြစ်သည်။
အမ်းမြို့နယ် သလူမော်ကျေးရွာမှ ကလေး (၄၀)ကျော်မှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။ လတ်တလောတွင် ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူသည့် ကလေး(၄)ဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။ ဆေးကုသမှုခံယူနေသူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဖြစ်သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကလေး ဦးရေ ၅၀ ခန့် ဖျားနာနေပြီး ကျောက်ဖြူခရိုင်ဆေးရုံသို့ ဆေးကုသရန် လာရောက်သည့် ကလေး လေးဦးကို ဝက်သက်သံသယလူနာဟု သတ်မှတ်ထားသည်။

ထိုရောဂါများမှာ ကူးစက်နိုင်သည့် ရောဂါဖြစ်သောကြောင့် လူနာများ၏ “သွေးရည်ကြည်”များကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာနသို့ ပို့ထားသည်ဟု ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာနေလင်းက DMG သို့ပြောသည်။

အမ်းမြို့နယ် သလူမော်ကျေးရွာမှ ကျောက်ဖြူဆေးရုံသို့ အရေးပေါ်လူနာ လေးဦးရောက်ရှိလာပြီး ဖျားနာဆောင်တွင် ကုသနေသည့် အသက် ၁၅ နှစ်အရွယ် တစ်ဦးသေဆုံးသွားသည်။ လက်ရှိမှာ ကလေးဆောင်တွင် သုံးဦး ဆေးကုသမှုခံယူနေသည်ဟု ခရိုင်ဆေးရုံမှ သိရသည်။

သလူမော်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ကလေး ၅၀ ခန့် ဖျားနာကြသည်။ ယင်းကလေးများ၏ မျက်နှာများတွင် အနီကွက်ပေါ်ထွက်ခြင်းများရှိနေပြီး ချောင်းဆိုးမှုလည်း ရှိသည်ဟု ရွာတာဝန်ခံ ဦးခင်မောင်ဝင်းက DMG ကိုပြောသည်။

“အနီရောင် အပိန့်ပိန့်တွေကတော့ မျက်နှာက စပေါ်ပြီးတော့ တစ်ကိုယ်လုံးမှာပေါ်လာတယ်။ အသက်ရှူကျပ်တယ်။ ချောင်းဆိုးတယ်။ အသက်ရှူ မဝတာတွေလည်း ဖြစ်တယ်။ နောက်ပြီးတော့ တချို့ကလေးတွေဆိုရင် နှာခေါင်းက သွေးထွက်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဆေးရုံသို့ ဆေးကုသရန်ရောက်ရှိသည့် ကလေး လေးဦးကို ဝက်သက်သံသယဟု သတ်မှတ်ထားသော်လည်း ရွာမှာကျန်ရှိနေသည့် ကလေးငယ်များမှာ မည်သည့်ရောဂါဖြစ်ပွားနေသည်ကို မသိရှိရသေးပေ။

“ကလေးတွေက ဘာရောဂါဖြစ်မှန်းမသိတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောပေမယ့် လုံခြုံမှုမရှိဘူး၊ လုံခြုံမှုမရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ဆင်းမလာနိုင်ဘူး ဆိုပြီးတော့ ပြောတယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

ကျေးရွာတွင်ရှိနေသည့် ကလေးငယ်များတွင် ယင်းရွာအနီးရှိ ဂဏန်းပြင်ကျေးရွာ ကျန်းမာရေးဌာနက တာဝန်ယူကုသပေးနေသော်လည်း မည်သည့်ရောဂါဖြစ်ပွားနေသည်ကို အတည်မပြုနိုင်သေးဟု ကျန်းမာရေးမှူး ဦးဝင်းဌေးက ပြောသည်။

“ကျနော်တို့က အဲဒါကို တိတိကျကျ ဘာမှပြောလို့မရသေးဘူး။အခု မြို့နယ်ကဆရာဝန်တွေကို ခေါ်ထားတယ်။ အဲဒီမှာ ဘာဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ခေါ်ထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကျေးရွာသို့ ဇန်နဝါရီ ၂၈ ရက်တွင် ပြည်နယ်နှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ လာရောက်ကြမည်ဟု ဂဏန်းပြင်ကျန်းမာရေးဌာနထံမှ ဇန်နဝါရီ ၂၇ ရက်တွင် သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...