မြစ်ကြီးနားမြို့တွင် ကိုယ်လက်အင်္ဂါ မသန်စွမ်း လူနာများကို ကျွမ်းကျင်ဆရာဝန်ကြီးဖြင့် အခမဲ့ ကြည့်ရှု ခွဲစိတ်ကုသပေးမည်

မြစ်ကြီးနားမြို့တွင် ကိုယ်လက်အင်္ဂါ မသန်စွမ်း လူနာများကို ကျွမ်းကျင်ဆရာဝန်ကြီးဖြင့် အခမဲ့ ကြည့်ရှု ခွဲစိတ်ကုသပေးမည်

ကိုယ်လက်မသန်စွမ်း လူနာများကို  မြစ်ကြီးနားဆေးရုံကြီးတွင် လာမည့် ဖေဖော်ဝါရီလ ၃ မှ ၇ ရက်နေ့အထိ အခမဲ့ ကြည့်ရှု ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

The Leprosy Mission Myanmar၏ အစီအစဉ်ဖြင့် ခွဲစိတ်ကုသမှုတွင် နယ်သာလန်နိုင်ငံမှ ကျွမ်းကျင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီး Dr.WillemJ. Theuvenet ခေါင်းဆောင်သော ခွဲစိတ်ဆရာဝန် သုံးဦးတို့က လာရောက်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ၊ မီးလောင် အပူလောင်ခြင်းကြောင့် ခြေလက်ကောက်ကွေးနေသူများ စသည်တို့ကို အခမဲ့ ကုသပေးသွားမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့နှင့် ၄ ရက်နေ့ နှစ်ရက်တာတွင် မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး အရိုးကုသဆောင်၌  လူနာများ ကြည့်ရှုကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ၊ ၆၊ ၇ ရက်နေ့တို့တွင် ခွဲစိတ်ကုသခြင်းအစီအစဉ်ကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လာရောက်ကုသလိုသော လူနာများသည်  ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရုံးချိန်အတွင်း အထွေထွေရောဂါကုဆေးရုံကြီး အရိုးကုသဆောင်တွင် ကြိုတင်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် လူဦးရေကန့်သတ်ထားခြင်း မရှိကြောင်းလည်း သိရသည်။

အသေးစိတ်အကြောင်းအရာများကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၄၀၀၀၆၅၀၃၊ ၀၉-၇၈၉၆၁၇၉၀၈တို့ကို ဆက်သွယ်ကာ အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ကြောင်း ထပ်မံ သိရသည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...