မြစ်ကြီးနားမြို့တွင် ကိုယ်လက်အင်္ဂါ မသန်စွမ်း လူနာများကို ကျွမ်းကျင်ဆရာဝန်ကြီးဖြင့် အခမဲ့ ကြည့်ရှု ခွဲစိတ်ကုသပေးမည်

မြစ်ကြီးနားမြို့တွင် ကိုယ်လက်အင်္ဂါ မသန်စွမ်း လူနာများကို ကျွမ်းကျင်ဆရာဝန်ကြီးဖြင့် အခမဲ့ ကြည့်ရှု ခွဲစိတ်ကုသပေးမည်

ကိုယ်လက်မသန်စွမ်း လူနာများကို  မြစ်ကြီးနားဆေးရုံကြီးတွင် လာမည့် ဖေဖော်ဝါရီလ ၃ မှ ၇ ရက်နေ့အထိ အခမဲ့ ကြည့်ရှု ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

The Leprosy Mission Myanmar၏ အစီအစဉ်ဖြင့် ခွဲစိတ်ကုသမှုတွင် နယ်သာလန်နိုင်ငံမှ ကျွမ်းကျင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီး Dr.WillemJ. Theuvenet ခေါင်းဆောင်သော ခွဲစိတ်ဆရာဝန် သုံးဦးတို့က လာရောက်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ၊ မီးလောင် အပူလောင်ခြင်းကြောင့် ခြေလက်ကောက်ကွေးနေသူများ စသည်တို့ကို အခမဲ့ ကုသပေးသွားမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့နှင့် ၄ ရက်နေ့ နှစ်ရက်တာတွင် မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီး အရိုးကုသဆောင်၌  လူနာများ ကြည့်ရှုကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ၊ ၆၊ ၇ ရက်နေ့တို့တွင် ခွဲစိတ်ကုသခြင်းအစီအစဉ်ကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လာရောက်ကုသလိုသော လူနာများသည်  ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရုံးချိန်အတွင်း အထွေထွေရောဂါကုဆေးရုံကြီး အရိုးကုသဆောင်တွင် ကြိုတင်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် လူဦးရေကန့်သတ်ထားခြင်း မရှိကြောင်းလည်း သိရသည်။

အသေးစိတ်အကြောင်းအရာများကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၄၀၀၀၆၅၀၃၊ ၀၉-၇၈၉၆၁၇၉၀၈တို့ကို ဆက်သွယ်ကာ အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ကြောင်း ထပ်မံ သိရသည်။

Most read this week

December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...