လူငယ်များ၏ ဘဝအခွင့်အလမ်း ၊ မျှော်မှန်းချက် နှင့် ခံစားချက်များပါဝင်သော အစီရင်ခံစာ မိတ်ဆက်

လူငယ်များ၏ ဘဝအခွင့်အလမ်း ၊ မျှော်မှန်းချက် နှင့် ခံစားချက်များပါဝင်သော အစီရင်ခံစာ မိတ်ဆက်

ဗြိတိသျှကောင်စီမှ ဦးဆောင်ပြီး မြစ်ကြီးနားလူငယ်ရေးရာကော်မတီ နှင့် မြစ်ကြီးနား YMCAတို့ ပူးပေါင်းကျင်းပသော မျိုးဆက်သစ်မြန်မာ သုတေသနအစီရင်ခံစာ မိတ်ဆက်ပွဲကို မြို့တော်ခန်းမ၌ ဇန်နဝါရီ ၂၂နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် လူငယ်များ၏ ဘဝအခွင့်အလမ်းများ၊ မျှော်မှန်းချက်များနှင့် လူငယ်များ၏ ခံစားချက်များပါဝင်ကြောင်း ဗြိတိသျှကောင်စီမှ အစီအစဉ်စီမံခန့်ခွဲသူ ဒေါ်ဂျာထွယ်အောင် ကပြောသည်။

ထိုသို့သုတေသနပြုလုပ်ရခြင်းကို ဗြိတိသျှကောင်စီမှ Head of Programmes ဒေါ်မီမီမျိုးဝင်းက" အစိုးရဌာနများနဲ့ လူငယ်ရေးရာ ဗဟိုပြုဆောင်ရွက်ရသည့်အဖွဲ့အစည်းများအတွက် အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်ထားပါတယ်" ဟု ပြောသည်။

သုတေသနပြုလုပ်ရာတွင် တိုင်းနှင့်ပြည်နယ် ၁၄ခုအပြင် နေပြည်တောအပါအဝင် စုစုပေါင်း ၁၅ခုမှ လူငယ် နှစ်ထောင်ကျော်အား စစ်တမ်းကောက်ယူကာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...