သတ်မှတ်လုပ်အားခရရှိရေး ဆန္ဒပြတောင်းဆိုကြသည့် မဲဆောက်ရှိ မြန်မာအလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ပြေလည်မှု ရရှိ

သတ်မှတ်လုပ်အားခရရှိရေး ဆန္ဒပြတောင်းဆိုကြသည့် မဲဆောက်ရှိ မြန်မာအလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ပြေလည်မှု ရရှိ
Photo: Ye Min_AAC
Photo: Ye Min_AAC

သတ်မှတ်လုပ်အားခ ၃၁၅ ဘတ်ရရှိရေးအတွက် ဇန်နဝါရီလ ၂၀ရက်က သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီး မယ်ပကျေးရွာမှ ပန်းကန်လုံးစက်ရုံ မြန်မာအလုပ်သမားများနှင့် အလုပ်ရှင်တို့ အကြားတွင် ပြေလည်မှုရရှိခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှစ၍ ထိုင်းနိုင်ငံ၏ တာ့ခ်ခရိုင်အတွင်း ထိုင်းဥပဒေအရ သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခ ၃၁၅ ဘတ်ရရှိရေးအတွက် ယင်းပန်းကန်လုံး စက်ရုံအလုပ်သမား ၈၀၀ ကျော်က လုပ်ငန်းခွင်မဆင်းခြင်းနှင့် ထိုင်းအ လုပ်အကိုင်ရှာဖွေရေးရုံးဌာနရှေ့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး တာဝန်ရှိသူများ၏ ဝင်ရောက် ဖြေရှင်းမှုကြောင့် ပြေလည်မှု ရရှိခဲ့ပြီဟု ကူညီဆောင်ရွက်ရာတွင်ပါဝင်ခဲ့သူ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ယခုလို ပြောသည်။

၎င်းက “ဒီနေ့တော့ လုပ်ငန်းခွင်ပြန်ဝင်သွားပါပြီး။ မနေ့က သံအရာရှိ ကိုယ်စားလှယ်ရော၊ ကျနော်တို့ AAC အဖွဲ့ တွေကော ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြတာပေါ့။ အလုပ်ရှင်ကလာတယ်။ အလုပ်သမားရုံးရှေ့က သူ့ အလုပ် သမားတွေကို ပြန်လာခေါ် တယ်။ ၁၈၀ ဘတ်ပေးနေတာတွေကို ၃၁၅ ပေးပါမယ်ဆိုပြီး ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက် ရေးဌာနရုံးမှာ လူ ကြီးတွေရှေ့မှာ ဝန်ခံကတိလက်မှတ်ထိုးသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဝန်ခံကတိလက်မှတ် ရေးထိုးပြီးနောက် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ သတ်မှတ်လုပ်အားခကို ပေးအပ် သွားမည်ဖြစ်ပြီး အမှန်တကယ်ပေးခြင်း ရှိ၊ မရှိခြင်းအပေါ် စောင့်ကြည့်သွားရမည်ဖြစ်ကြောင်းလည်း ကိုရဲမင်းက ဆက်ပြော သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဆန္ဒဖော်ထုတ်မှုတွင် အလုပ်သမား ၂၀၀ ကျော်သည် ထိုင်း-မြန်မာချစ်ကြည် ရေးတံတား အနီးရှိ ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးရုံးဌာနရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသလို စက်ရုံအတွင်း ကျန်ရှိသည့် မြန်မာ အလုပ်သမား ၆၀၀ နီးပါးခန့်လည်း လုပ်ငန်းခွင်ယာယီရပ်နားပြီး သတ်မှတ်လုပ်အားခ ၃၁၅ ဘတ် ရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်အားခ တိုးနှုန်းအရ ယခုနှစ် ၂၀၂၀ ဇန်နဝါရီလမှစ၍ တာ့ခ် ခရိုင်အပါအဝင် ကျန်ခရိုင်(၂၁)ခုတွင် အနိမ့်ဆုံး လုပ်အားခ တစ်ရက်လျှင် ၃၁၅ဘတ် သတ်မှတ် ပေးထားပြီး တာ့ခ်ခရိုင် အတွင်းရှိ မဲဆောက်အပါအဝင် မြို့နယ် ၄ မြို့နယ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား လေးသိန်း ကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...