ကရင်ပြည်နယ်၏ ပထမဆုံး ကုသိုလ်ဖြစ် မြန်မာ့ရိုးရာမုန့်ပွဲတော် ဖားအံတွင် ပြုလုပ်

ကရင်ပြည်နယ်၏ ပထမဆုံး ကုသိုလ်ဖြစ် မြန်မာ့ရိုးရာမုန့်ပွဲတော် ဖားအံတွင် ပြုလုပ်

ရိုးရာမုန့်ပဲသွားရည်စာ ၆၅ မျိုး ပါဝင်သည့် ကုသိုလ်ဖြစ်မြန်မာ့ရိုးရာမုန့်ပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်တွင် အခမ်းအနားနှင့်တကွ ဖွင့်လှစ်ရောင်းချခဲ့ပြီး ၁၉ ရက်နေ့အထိ ဖားအံမြို့ ကမ်းနားလမ်းညစျေးတန်း၌ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပသည့် အဆိုပါမုန့်ပွဲတော်ကို အဓိကအားဖြင့် တိမ်ကော ပျောက်ကွယ်စပြု လာနေသည့် မြန်မာ့ရိုးရာမုန့်မျိုးစုံကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းသည့် ရည်ရွယ်ချက်များဖြင့် ဖားအံဒေသခံ လူငယ်များစု ပေါင်းပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

မုန့်ပွဲတော်ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ကိုစိုးမင်းညွန့်က “ မြန်မာ့ရိုးရာမုန့်တွေဟာ အခုဆို တဖြည်း ဖြည်း တိမ်ကောပျောက်ကွယ်စပြုလာပြီ။ ကလေးတွေ မမြင်ဖူး မစားဖူးတဲ့မုန့်တွေရှိလာပြီ။ အဲဒီတော့ရိုး ရာမုန့်လေးတွေကိုပြန်ပြီး ထိတွေ့မှုရှိလာအောင်၊ ရိုးရာမုန့်တွေအနေနဲ့ အန္တရာယ်ကင်း၊ အရသာရှိ အာဟာ ရပြည့်၊ ဓာတုဆေးဝါးကင်းစတဲ့ ကလေးတွေအတွက် ကျန်းမာရေးရှုထောင့်က သင့်လျော်တဲ့အတွက် ဒါကို ပြန်ဖော် ထုတ်ချင်တဲ့ရည်ရွယ်ချက်နဲ့ကျင်းပတာဖြစ်ပါတယ်” ဟုပြောသည်။

ထို့အပြင် ယခုကဲ့သို့ ရိုးရာမုန့်ပွဲတော်ကျင်းပမှုများမှတဆင့် ပြည်တွင်း၊ ပြည်ပခရီးသွားအတွက် ရိုးရာမုန့်များ အ ပေါ် စိတ်ဝင်စားမှုပိုမိုရရှိလာစေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြု လာနိုင်မည်ဖြစ်ကြောင်းလည်း ကိုစိုးမင်းညွန့်က ဆက်ပြောသည်။

ကုသိုလ်ဖြစ်မုန့်ပွဲတော်တွင် ကရင်၊ ဗမာနှင့် ရှမ်းရိုးရာ မုန့်မျိုးစုံ ၆၅ မျိုးကို ကိုယ်တိုင်ပါဝင်ရောင်းချသလို ကိုယ်တိုင်မရောင်းချနိုင်သူများအနေဖြင့် မိမိတို့လှူဒါန်းရောင်း ချလိုသည့် မုန့်များအတွက် အလှူငွေ ထည့်ဝင်ခြင်းဖြင့် ပါဝင်ကူညီခဲ့ကြကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ ထံမှသိရသည်။

မုန့်စိမ်းပေါင်း ကူညီရောင်းချပေးခဲ့သည့်Youth Power အဖွဲ့မှ စိမ်နော်နော်က “နောက်ထပ် ရောက်လာမယ့် စီးပွားရေးတွေမှာ ရိုးရာမုန့်ကလေးတွေကို ပလပ်စတစ်မသုံးဘဲ ဖက်ကလေးတွေနဲ့ သုံးတဲ့ရည်ရွယ်ချက်လေးကို ပြသချင်လို့ ကူညီပေးတာပါ။ ပလပ်စတစ်ကြောင့်ဖြစ်တဲ့ ရောဂါနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျော့ကျ စေမှာပါ” ဟုပြောသည်။

မုန့်ပွဲတော်ကို ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေ ၅ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့ပြီး မုန့်ပွဲတော်မှ ရရှိလာသည့် အကျိုးအမြတ်အားလုံးကို လိုအပ်သည့် လူမှုရေးလုပ်ငန်းများတွင် ထည့်ဝင်လှူဒါန်းသွားမည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...