တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့နယ်တွင် ဇန်နဝါရီ ၁၇ရက်က ပြုလုပ်ခဲ့သည်။
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဦးစီး၍ မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၀င်းအတွင်းရှိ ကျေးရွာခန်းမတွင် ယင်းနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်အတွင်းနေထိုင်သည့် မျိုးနွယ်စုများနှင့် တိုင်းရင်းသားအရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ကချင်ပြည်နယ်လွှတ်တော် တိုင်းရင်းသားအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဆှမျဒူနော်အောင်က ရှင်းလင်းပြောကြားခဲ့သည်။







