စစ်ရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာစေရန် ပူတာအိုမြို့တွင် ဝါးလက်မှုပညာသင်တန်း ပြုလုပ်

စစ်ရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာစေရန် ပူတာအိုမြို့တွင် ဝါးလက်မှုပညာသင်တန်း ပြုလုပ်
Photo- လထော်ဇော်လဒီး
Photo- လထော်ဇော်လဒီး

အောင်ခမ်း(ပူတာအို) — စစ်ရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာစေရန် ပထမအကြိမ် ဝါးလက်မှုပညာသင်တန်းကို ပူတာအိုမြို့တွင်  ၃ ရက်တာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (HDD KBC) မှ ဦးစီး၍ ကောင်ကထောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်း‌တော်တွင် ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်ကာ ၁၇ ရက်နေ့ထိ ယင်းသင်တန်းကို ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်။

ပူတာအိုမြို့နယ်တွင် ဝါးအရင်းအမြစ် များစွာ ရှိသော်လည်း ကုန်ချောမလုပ်နိုင်သည့်အတွက် ယင်းဝါးလက်မှုပညာဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သင်တန်းဦးဆောင်သူ ဆရာဘရန်ဆန်အောင်က ပြောသည်။

" ကုန်ချောမလုပ်နိုင်သည့်အတွက် ဈေးကွက်ထဲ သိပ်မဖောက်နိုင်ဘူး။ ဈေးကွက်လည်း ရ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ် " ဟု ဦးဆောင်သူ ဆရာ ဘရန်ဆန်အောင်က ပြောသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...