စစ်ရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာစေရန် ပူတာအိုမြို့တွင် ဝါးလက်မှုပညာသင်တန်း ပြုလုပ်

စစ်ရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာစေရန် ပူတာအိုမြို့တွင် ဝါးလက်မှုပညာသင်တန်း ပြုလုပ်
Photo- လထော်ဇော်လဒီး
Photo- လထော်ဇော်လဒီး

အောင်ခမ်း(ပူတာအို) — စစ်ရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာစေရန် ပထမအကြိမ် ဝါးလက်မှုပညာသင်တန်းကို ပူတာအိုမြို့တွင်  ၃ ရက်တာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (HDD KBC) မှ ဦးစီး၍ ကောင်ကထောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်း‌တော်တွင် ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်ကာ ၁၇ ရက်နေ့ထိ ယင်းသင်တန်းကို ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်သည်။

ပူတာအိုမြို့နယ်တွင် ဝါးအရင်းအမြစ် များစွာ ရှိသော်လည်း ကုန်ချောမလုပ်နိုင်သည့်အတွက် ယင်းဝါးလက်မှုပညာဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သင်တန်းဦးဆောင်သူ ဆရာဘရန်ဆန်အောင်က ပြောသည်။

" ကုန်ချောမလုပ်နိုင်သည့်အတွက် ဈေးကွက်ထဲ သိပ်မဖောက်နိုင်ဘူး။ ဈေးကွက်လည်း ရ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ် " ဟု ဦးဆောင်သူ ဆရာ ဘရန်ဆန်အောင်က ပြောသည်။

February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...