တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ကိုယ်ရေးအကျဉ်း

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ကိုယ်ရေးအကျဉ်း
by -
မဇ္ဈိမ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင်   မွေးဖွားခဲ့သည်။ ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။

၁၉၇၅- ၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး အမှတ် ၁၈၀ (အပေါ်ဆုံးထပ်)၊ ၃၇ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်ကာ ယနေ့ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေလည်း ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး   လေဆိပ်ပြန်လည်ရောက်ရှိလာစဉ်  သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...