NCA_S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး ချင်းမိုင်မြို့တွင် စတင်ကျင်းပ

NCA_S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး ချင်းမိုင်မြို့တွင် စတင်ကျင်းပ
Photo: KNU
Photo: KNU

စအိုင်ဆူး — အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အ စည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်မှစ၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေပြီးဖြစ်ကြောင်း သိရ သည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံး၌ ဇန်နဝါရီ ၈ရက်နေ့က ပြန်လည်ကျင်းပလာခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)အကောင် အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)၏ ၈ ကြိမ်မြောက် အစည်းအဝေးအပြီးထွက်ပေါ်လာသည့် ရလဒ်များအပေါ်အခြေခံ၍ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန် ပြုလုပ်သည့် အစည်းအဝေးဖြစ် ကြောင်း အစည်းအဝေး၏ မိန့်ခွန်းက ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအပြင် ၈ ကြိမ်မြောက် JICM အစည်းအဝေး၏ သဘောတူညီချက် ၈ ချက်အပေါ်အခြေခံ၍ NCA အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများ (NCA-S EAO)၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့မှ ၄ ရက်တာ ပြင်ဆင်ဆွေးနွေးထားချက်များ နှင့် အခြားအရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု PPST၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောဆိုထားသည်။



Photo: KNU

ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၃မှ ၁၆ရက်နေ့အထိ ပြုလုပ်သော (NCA-S EAO) ၏ NCA အကောင်အထည် ဖော်မှုဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့မှ စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ၈ ကြိမ်မြောက် JICM အစည်းအဝေး၏ ရလဒ်သဘောတူညီချက်များအပေါ်ဆွေးနွေးခဲ့ကြကာ ညှိနှိုင်းရေးအဖွဲ့၏ ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကိုပြင်ဆင်ချမှတ်ခဲ့ပြီးနောက် ယခု PPST အစည်းအဝေးတွင် ဆွေးနွေးနေကြခြင်းဖြစ်သည်။

အဆိုပါ မူဘောင်ညှိနှိုင်းရေးအဖွဲ့၏ ဆွေးနွေးမှု၌ ၈ ကြိမ်မြောက် JICM အစည်းအဝေးမှ ဆုံးဖြတ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပစ်ရပ်လက်မှတ်မရေးထိုးရသေးသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများ အားလုံးပါဝင်ရေးအတွက် ဖြစ်နိုင်ခြေနည်းလမ်းများကို ရှာဖွေနိုင်ခဲ့ကြောင်းနှင့် လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက်သွားရန် သဘောထားချမှတ်ထားခဲ့ကြောင်း အစည်းအဝေးအပြီး ပြောကြားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ်အမှာစကား၌ ထည့်သွင်းပြောဆိုးခဲ့သည်။

၎င်းအပြင် ယခုပြုလုပ်နေသည့် PPST အစည်းအဝေး၌လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အားလုံးပါဝင် လာနိုင်ရေးလုပ်ငန်းစဉ် အခင်းအကျင်းများကို တိတိကျကျ ချမှတ်သွားရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲသည် ၂၁ ရာစု ပင်လုံအစည်းအဝေး ချီတက်ရာတွင် အဓိကကျသည့်တဆင့်ခံ ဆွေးနွေးပွဲ ဖြစ်သည့် အ တွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ၎င်း၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောဆိုထားသည်။

တစ်ဆို့မှုများကြောင့် ရပ်တန့်နေခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ တရားဝင် ဆွေးနွေးပွဲများကို ပြီးခဲ့သည့် ဇန်နဝါရီ လ ၈ နေ့မှစ၍ ၈ ကြိမ်မြောက် JICM အစည်းအဝေးမှတဆင့် ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းခဲ့ပြီး အဆိုပါ အစည်းအဝေး၌ သဘောတူညီချက် ၈ ချက်ကိုပါ ချမှတ်နိုင်ခဲ့သည်။

အဆိုပါ သဘောတူညီချက်များအနေဖြင့် NCA စာချုပ်ပါ အခန်း (၃)၊ (၄)၊ (၆) တို့နှင့်ပတ်သက်ပြီး ဆောင်ရွက် ရန်၊ NCA အကောင်အထည်ဖော်မှုအတွက် နှစ်ဦးနှစ်ဖက်အကြား မူဘောင်သဘောတူညီချက်များရယူရန်၊ ၂၀၂၀ အလွန် ရှေ့ဆက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အဆင့်လိုက် ဆောင် ရွက်ရန်နှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် ချုပ်ဆိုမည့် စာချုပ်ပုံစံတို့ကို သဘောတူခဲ့ ကြသည်။

အဆိုပါအချက်များအပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအဝေးကို ၂၀၂၀ ခုနှစ် ၏ ပထမ လေးလတာ ကာလအတွင်း ကျင်းပရန်၊ NCA ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် ပတ်သက်ပြီးအ လုပ်အဖွဲ့ ဖွဲ့စည်းဆောက်ရွက်ရန်၊ NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါဝင် နိုင်ရေးအတွက် NCA အခြေခံအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်၊ ၈ မြောက် JICM အစည်းအဝေးအပြီး နှစ်လအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC နှင့် အပစ်အခတ်ရပ်စဲရေး စောင့် ကြည့်ရေး ပူးတွဲကော်မတီ-JMC အစည်းအဝေးများကို ခေါ်ယူကျင်းပရန်ဆိုသည့် အချက်များကို သဘော တူညီ ထားခဲ့သည်။

ယခုပြုသည့် ၈ကြိမ်မြောက် PPST အစည်းအဝေးပွဲတွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်နေပြီး ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ သုံးရက်တာ ပြုလုပ်သွားမည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...