ဖျက်သိမ်းလိုက်သော ကချင်ပြည်နယ်နေ့ မနောပွဲ အစား ဖေဖော်ဝါရီလတွင် ရိုးရာမနောပွဲ ပြန်လည် ပြုလုပ်မည်

ဖျက်သိမ်းလိုက်သော ကချင်ပြည်နယ်နေ့ မနောပွဲ အစား ဖေဖော်ဝါရီလတွင် ရိုးရာမနောပွဲ ပြန်လည် ပြုလုပ်မည်

အမည်နာမ အငြင်းပွားမှုကြောင့် ဖျက်သိမ်းခဲ့ရသော (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို ပြန်လည်အစားထိုးသည့် ‘ကချင်ရိုးရာ ယဉ်ကျေးမှု မနောပွဲတော်ကြီး’ ကို ဖေဖော်ဝါရီလအတွင်း ၈ရက်ကြာ ပြန်လည် ပြုလုပ်မည်ဟု ကချင်ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူများ ပြောသည်။

ကချင်မျိုးနွယ်စုအတွင်း အမည်နာမအငြင်းပွားမှုကြောင့် မနောပွဲ ရပ်ဆိုင်းခဲ့ရသော်လည်း ပွဲအတွက် ကြိုတင်ရယူထားသည့် လေလံများကို လျော်ကြေးအဖြစ် ပြန်လည်ပေးရသည့် အခြေအနေရှိလာသောကြောင့် မဖြစ်မနေ ပြန်လည် ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဒု ဥက္ကဋ္ဌ ဦး Hpauwung Bawk Tawng က ယခုလို ပြောသည်။

“ကချင်ပြည်နယ်နေ့ကို ‘Jinghpaw Mungdaw Nhtoi’ လို့ မရေးရင် မနောပွဲ မကျင်းပရဘူးလို့ လူငယ်တစ်ချို့က လူအင်အားကြီးကြီးနဲ့ ဖျက်မယ်လို့ ပြောကြတယ်။ ပြီးရင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း သွားပြောကြတယ်တဲ့။ အဲ့တော့ ဝန်ကြီးချုပ်က နောက်ဆုံးမှာတော့ ကျနော်တို့ လူမျိုးအချင်းချင်းကြားမှာသာမက သီးခြားလူမျိုးစုကြားမှာလည်း မြင်မကောင်းစရာတွေ ဖြစ်လာနိုင်တယ် ဆိုပြီး သူတို့လိုချင်တဲ့ အမည်နာမ အသုံးပြုပြီး ကချင်ပြည်နယ်နေ့ ကို တစ်ရက်သာ ပြုလုပ်ခဲ့တာဖြစ်တယ်။ အဲ့ကြောင့် ကျနော်တို့ WHG စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ကျနော်တို့က ဒီမနောပွဲလုပ်ဖို့ ငွေကြေးလေလံတွေ ရယူထားတာဖြစ်တယ်။ နောက်ဆုံးပွဲမဖြစ်တော့ လေလံငွေကြေးတွေကို ဘယ်သူဆပ်ပေးမှာလဲ။ အစိုးရကလည်း ဆပ်ပေးမှာမဟုတ်ဘူး။ ကျနော်တို့လည်း ဒီလောက်များတဲ့ ငွေတွေမဆပ်နိုင်ဘူး။ အဲ့တော့ ကျနော်တို့က ပြည်ထောင်စုနေ့ကျရောက်တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောသည်။

သို့သော်လည်း မနောပွဲနာမည်ကို ‘ပြည်ထောင်စုနေ့ မနောပွဲ’ အဖြစ်မဟုတ်ဘဲ ကချင်ရိုးရာမနောပွဲအဖြစ်သာ ပြုလုပ်သွားမည်ဟု ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ရက်အထိ ကျင်းပသွားရန် စီစဉ်နေပြီး ဈေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများ ပါဝင်ကာ မနောအကဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မနောပွဲကျင်းပနိုင်ရန်အတွက် ကချင်မျိုးနွယ် ၆ မျိုးမှ တစ်ဖွဲ့လျှင် မြန်မာကျပ်ငွေ သိန်း၁၀၀ ထုတ်ကာ ပြုလုပ်သွားမည့်အကြောင်း ဦး Hpauwung Bawk Tawng ထံမှသိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ကျရောက်သော (၇၂) ကြိမ်မြောက်ကချင်ပြည်နယ်နေ့ကို ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း တက်ရောက်ကာ တစ်ရက်သာ မနောပွဲဖြင့် ပြုလုပ်ခဲ့ကြသည်။

မြစ်ကြီးနား မနောကွင်း

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...