ရခိုင်အတွက် ဂျပန်မှ မှာယူထားသည့် သင်္ဘော ပထမအစီး ဖေဖေါ်ဝါရီလတွင် စတင်ရောက်ရှိမည်

ရခိုင်အတွက် ဂျပန်မှ မှာယူထားသည့် သင်္ဘော ပထမအစီး ဖေဖေါ်ဝါရီလတွင် စတင်ရောက်ရှိမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကမ်းရိုးတန်း ရေကြောင်းလိုင်းတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံမှ မှာယူထားသည့် သင်္ဘော ၃ စီးအနက် ပထမ တစ်စီးမှာ ဖေဖေါ်ဝါရီလအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။

“ပထမသင်္ဘောတစ်စီးက နောက်လထဲမှာ ရောက်လာမယ်လို့တော့ ကျွန်တော်တို့ သိထားပါတယ်။ သင်္ဘောကတော့ လူ ၁၀၀ ကျော်လောက်တင်နိုင်ပါမယ်။ ရှေ့လမှာ ရောက်လာမယ်လို့တော့ ကျွန်တော်တို့ဆီကို ဂျပန်နိုင်ငံက အကြောင်း ကြားထားတာရှိပါ တယ်”ဟု ရခိုင်ပြည်နယ် လက်ထောက် ရေကြောင်းညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကျန်သင်္ဘော ၂ စီးအနက် ဒုတိယအစီးသည် မေလတွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ နောက်ဆုံး အစီးသည် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်တွင် ရောက်ရှိလာမည်ဟု ဆိုသည်။

အဆိုပါ သင်္ဘော ၃ စီးအနက် ပထမ ၂ စီးမှာ ဂျပန်နိုင်ငံတွင် သုံးပြီးသားကို ပြန်လည်မွန်းမံပြီးမှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ကာ တတိယတစ်စီးမှာ အသစ်တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောများကို စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ တောင်ကုတ်နှင့် တောင်ကုတ်နှင့် မာန်အောင် လမ်းကြောင်းများတွင် ပြေးဆွဲသွားမည်ဖြစ်သည်။

“စျေးနှုန်းက ပုဂ္ဂလိကထက် အများကြီးသက်သာပါမယ်။ အရှုံးအမြတ်ကို အဓိကထားပြီး ပြေးဆွဲမှာ မဟုတ်ပါဘူး။ အဓိက ပြည်သူ လူထုတွေ အဆင်ပြေပြေနဲ့ စျေးသက်သောင့် သက်သာနဲ့ သွားနိုင်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ပြေးဆွဲသွားမှာဖြစ်ပါတယ် ”ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ယင်းသင်္ဘော ၃ စီးကို ဂစ္စပနဒီ ၁၊ ၂၊ ၃ ဟု အမည်ပေးထားပြီး ပထမ ရောက်လာသည့် သင်္ဘော ဖွင့်ပွဲအခမ်းအနားကို မတ်လတွင် စစ်တွေမြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုတွင် ခရီးသည် ၁၄၅ ဦး တင်ဆောင်နိုင်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ရခိုင်ကမ်းရိုးတန်းရေကြောင်းလိုင်းများကို ယခင်က ပြေးဆွဲခဲ့သည့် အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်ပြီးနောက်ပိုင်း ကမ်းရိုးတန်းခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...