ပူတာအို အထက်ဘက်ရှိ နမ်ရှယ်ချောင်းကူးရန် တံတား လိုအပ်နေ

ပူတာအို အထက်ဘက်ရှိ နမ်ရှယ်ချောင်းကူးရန် တံတား လိုအပ်နေ
အောင်ခမ်း (ပူတာအို)
အောင်ခမ်း (ပူတာအို)

ပူတာအို မြို့နယ် အထက်ဘက်အစွန်ဆုံးရွာ မလိရိန်ကျေးရွာသွားသည့် လမ်းရှိသည့် နမ်ရှယ်ချောင်းကူးရန် တံတား လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ချောင်းတွင် တံတားဆောက်လုပ်ပေးရန် NLD အစိုးရလက်ထက်တွင် ၂ ကြိမ်၊  ယခင်အစိုးရလက်ထက်တွင်လည်း အကြိမ်ကြိမ် တင်ပြခဲ့ဖူးကြောင်း ကျေးရွာ တာဝန်ခံ ဦးမဂေါနော်ကပြောသည်။

ယင်းလမ်းသည် မဒွယ်ရေခဲတောင်သွားသည့်လမ်းလည်းဖြစ်သလို ဒေသခံများမှ ဆေးမြစ်ဆေးဝါးရှာဖွေရာတွင်လည်း ဤလမ်းကို အသုံးပြုကာ လုပ်ကိုင်ရှာဖွေရကြောင်း ၎င်းကပြောသည်။

"ခရီးသွားပြည်သူအတွက်ရော ဒေသခံများအားလုံးအတွက်အဆင်‌ပြေ‌ပြေသွားနိုင်အောင် နိုင်ငံတော်အစိုးရကလုပ်ပေးစေချင်တယ် ။ အရမ်းကိုလိုအပ်နေတာပါ '' ဟု ရွာတာဝန်ခံ ဦးမဂေါင်နော်က ‌ပြောသည်။

၂၀၁၈ ခုနှစ်က ဝမ်ခိုင်ကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး  အဆိုပါချောင်းကူးနေစဉ်ရေထဲမျောပါကာ သေဆုံးခဲ့ဖူးကြောင်း သိရသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...