ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်ရုံပိတ်သိမ်းမှုတစ်ချို့ရှိသော်လည်း MoU လုပ်သားအဖြစ် ထွက်ခွာသူ များပြားဆဲ

ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်ရုံပိတ်သိမ်းမှုတစ်ချို့ရှိသော်လည်း MoU လုပ်သားအဖြစ် ထွက်ခွာသူ များပြားဆဲ

ထိုင်းနိုင်ငံအတွင်း စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းမှုတစ်ချို့ရှိသော်လည်း နှစ်နိုင်ငံ အလုပ်သမား နားလည်မှု စာချွန်လွှာ-MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ယခင်နှစ်ကထက်မြင့်တက်ကာ တစ်လ ထက်တစ်လပိုမိုများပြားနေဆဲဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ တစ်လ ထက်တစ်လ၊ တစ်နှစ်ထက် တစ်နှစ်ပိုမိုများ ပြားလာပြီး ၂၀၁၈ ခုနှစ်အတွင်းက MoU စနစ်ဖြင့် ထွက်ခွာခဲ့သူ မြန်မာအလုပ်သမား ဦးရေမှာ တစ်သိန်းခွဲ ခန့်သာရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်ထိ (၁၁) လအတွင်း အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀၀,၀၀ဝ ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း အလုပ်သ မားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မြဝတီနယ်စပ်မှတဆင့် ယခုနှစ် MoU လုပ်သားအဖြစ် ဇန်နဝါရီလတွင် အမျိုးသားအမျိုးသမီး ၁၇,၄၉၉ဦး၊ ဖေဖော်ဝါရီလတွင် ၁၇,၇၄၈ဦး၊ မတ်လတွင် ၁၆,၅၉၃ ဦး၊ ဧပြီလတွင် ၁၅,၄၁၁ ဦး၊ မေလတွင် ၂၀,၉၅၀ ဦး၊ ဇွန်လတွင် ၁၉,၁၃၉ ဦး၊ ဇူလိုင်လတွင် ၂၂,၀၄၈ ဦး၊ ဩဂုတ်လတွင်၂၄,၅၀၇ ဦး၊ စက်တင်ဘာလတွင် ၂၄,၅၄၄ ဦး၊ အောက်တိုဘာလတွင် ၁၈,၀၀၀ ဦးနှင့် နိုဝင်ဘာလတွင် ၂၁,၂၀၇ ဦး ထွက်ခွာသွားခဲ့ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန စာရင်းတွင် ဖော်ပြထားသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်သူများပြားနေရခြင်းမှာ ပြည်တွင်း၌ အခြေခံအလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု MoU လုပ်သားအဖြစ် အလုပ်သွားရောက်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများက ပြောသည်။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်သည့်နိုင်ငံများတွင် ထိုင်းနိုင်ငံသို့အများဆုံး သွား ရောက်နေကြပြီး မဲဆောက်အပါအဝင် တာ့ခ်ခရိုင်ရှိ ၉ မြို့နယ်အတွင်း မြန်မာလုပ်သား လေးသိန်းခန့် ဝင်ရောက်လုပ်ကိုင်လျက်ရှိသလို ထိုင်းနိုင်ငံတစ်ဝှမ်းလုံးတွင် လေးသန်းကျော် သွားရောက်လုပ် ကိုင်လျက်ရှိကြောင်းလည်း သိရသည်။

စက်ရုံအလုပ်ရုံများပြားပြီး လုပ်အားခပိုရသော ထိုင်းနိုင်ငံဘက်သို့ မြဝတီနယ်စပ်မှတဆင့် တနေ့ပျမ်း မျှလူဦးရေ ၈၀၀ နှင့် ၁,၀၀၀ကြား MoU လုပ်သားအဖြစ် တရားဝင်ပို့ဆောင်ခဲ့သော်လည်း အချို့သော အေဂျင်စီများမှာ စာချုပ်ပါအတိုင်း အလုပ်နေရာသို့မပို့ဆောင်ဘဲ လူစုခွဲပို့ ဆောင်ခြင်း၊ လုပ်သားများ အလုပ်လုပ်ကိုင်ရခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သူလည်း အများအပြားရှိကြောင်း သိရသည်။

ထို့အပြင် စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းလာခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်ကာ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများလည်းရှိသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...