ရန်ကုန်တိုင်းအစိုးရဝယ်ယူထားသည့်မီးစက် တစ်နာရီမောင်းနှင်ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရဟုဆို

ရန်ကုန်တိုင်းအစိုးရဝယ်ယူထားသည့်မီးစက် တစ်နာရီမောင်းနှင်ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရဟုဆို

ရန်ကုန်တိုင်းအစိုးရမှနေ၍ နွေရာသီတွင် လျှပ်စစ်ဓာတ်အားမကြာခဏ ပြတ်တောက်သည့် လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် ကျပ်ဘီလီယံ ၃၀ ဖြင့်ဝယ်ယူထားသည့် မီးစက်ကြီးမှာတစ်နာရီမောင်းနှင်ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရကြောင်းတိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာမှ သိရသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဝမအကြိမ်မြောက် ပုံမှန်အစည်းအဝေးမေးခွန်းမေးမြန်းခဲ့သော်လည် းအသေးစိတ်မသိရှိခဲ့ရဘဲ စာရင်းစစ်ချုပ်မှ အစီရင်ခံသည့်အခါတွင်မှ သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျကပြောသည်။

“အဆိုပါစက်ရဲ့စွမ်းရည်ကြည့်လိုက်တော့ တစ်နာရီနှိုးလို့ရှိရင် ဂါလံ ၁၆၈၀ တဲ့ သေရောပေါ့။ ဒါ ၁၆၀ မဟုတ်ဘူးနော်။ ၁၆၈၀ ကုန်တယ်ဆိုတော့ ဒီစက်ကြီးရဲ့ဆီတွေရန်ကုန်တိုင်း လျှပ်စစ်ကော်ပိုရေးရှင်းဘယ်လိုလုပ်နေလဲ။ ဒါရန်ကုန်တိုင်းဒေသကြီးအစိုးရကြီးကြပ်ကွပ်ကဲမှုအောက်ပေါ့နော်” ဟု ၎င်းကဆိုသည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် အစီရင်ခံစာကိုစာရင်းစစ်ချုပ်ဖြစ်သူ ဒေါ်ခင်သန်းလှက တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးစက် လည်ပတ်မှုမှာ စက်စတင်လည်ပတ်သည့် ၂၃ လအတွင်းစက်စမ်းသပ်လည်ပတ်သည့်လ သုံးလ၊ စက်လုံးဝလည်ပတ်မှုမရှိသည့်လ ခြောက်လစက်ပျက်ဆီးမှုမရှိစေရန်အတွက် လည်ပတ်သည့်လ နှစ်လတို့ဖြစ်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ်မှစ၍ တစ်ပတ်လျင် တစ်ကြိမ် (၁၅) မိနစ်ခန့်လည်ပတ် သည့်လ ရှစ်လ၊ စက်မောင်းနှင်ရန် သင်တန်းပို့ချသည့်လ နှစ်လ၊ ဓာတ်အားလိုအပ်ချက်အရမောင်းနှင်ပေးသည့်လ လေးလ၊ ဇောတိကသဘာဝ ဓာတ်ငွေ့ပိုက် လိုင်းပုံမှန်ပြုပြင်ဆောင်ရွက်သည့် အချိန်မောင်းနှင်ပေးသည့်လ ငါးလတို့မောင်းနှင်ခဲ့သည်ဟုလည်းတိုင်းစာရင်းစစ်ချုပ်ဖြစ်သူဒေါ်ခင်သန်းလှကဆိုသည်။

“ စုစုပေါင်း ၉၈၁ ၃၀၅ ဂါလံသုံးစွဲထားကြောင်း တွေ့ရှိရပါသည် ” ဟု ၎င်းက လွှတ်တော်တွင် အစီရင်ခံစာကိုဖတ်ကြားခဲ့သည်။

ထို့အပြင်  “ ဓာတ်အားပြတ်တောက်သည့်အချိန်များတွင် ဓာတ်အားထုတ်လုပ်ပေးနိုင်သဖြင့် အားသာချက်ရရှိသော်လည်းအားနည်းချက်အနေဖြင့် ကုန်ကုန်စရိတ်မှာများပြားသဖြင့် ရေရှည်အတွက်စရိတ်သက် သာနိုင်မည့်နည်း လမ်းများရှာဖွေနိုင်ရေးလိုအပ်ပါသည်” လည်းဒေါ်ခင်သန်းလှကတင်ပြပြောဆိုခဲ့သည်။

၂၀၁၆ခုနှစ် ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာသီးသန့် ရန်ပုံငွေမှကျပ် ၃၀ ဘီလီယံအား သုံးစွဲပြီးဝယ်ယူခဲ့သည့် အဆိုပါဓာတ်အားထုတ်စက်မှာ၂၅ မဂ္ဂါဝပ် ထွက်ရှိသည်ဟုလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်အတွက်လျှပ်စစ်ဓာတ်အားထုတ်စက် ဝယ်ယူရန် သီးသန့်ရန်ပုံငွေမှ ကျပ်ဘီလျံ  ၃၀ သုံးစွဲရန် ၂၀၁၈ ခုနှစ် မတ် ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...