အမေရိကန်နဲ့အီရန် ပြဿနာကြောင့် ပြည်တွင်းမှာ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်

အမေရိကန်နဲ့အီရန် ပြဿနာကြောင့် ပြည်တွင်းမှာ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်

အမေရိကန်နဲ့ အီရန် ပြဿနာကြောင့် မြန်မာ့ရွှေဈေးနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ဇန်နဝါရီလ ၇ ရက် ညနေအပိတ်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၁၂၁၆၅၀၀ရှိခဲ့ပြီးတော့ဇန်နဝါရီလ ၈ ရက် နေ့လည် ၂နာရီမှာတော့ကျပ် ၁၂၃၄၅၀၀ အထိပေါက်ဈေးရှိနေကာ ကျပ်နှစ်သောင်းနီးပါး ဈေးတက်သွားခဲ့သည်။

“အာရှစျေးကွက်က ကျတယ်။ အီးယူစျေးကွက်က တက်တယ်။  ဒေါ်လာစျေးကျတဲ့အတွက် ရွှေစျေးက အများကြီး မတက်နိုင်ဘူး။ ကမ္ဘာ့ဆီစျေးတက်ရင်တော့ ရွှေစျေးကတက်တယ်။ ဒီဇယ်ဆီနဲ့ ရွှေကိုထုတ်ရတာ။ စက်ယန္တယားသုံးရတဲ့အတွက် ဒီဇယ်စျေးတက်လာရင် ရွှေစျေးက တက်လာတယ်”ဟု ဦးမျိုးမြင့် ကပြောသည်။

ကမ္ဘာ့ရွှေဈေးအနေနဲ့ကလည်း ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅၈၇ အထိဈေးပေါက်နေကြောင်း ရွှေလုပ်ငန်းရှင်တွေဆီက သိရသည်။ ပြည်တွင်းဒေါ်လာဈေးအနေနဲ့ကတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၇၀နဲ့ အကျဘက်ကိုသာဦးတည်နေရတာက ပြည်တွင်းကနေ နိုင်ငံခြားကိုသွားရောက်လုပ်ကိုင်နေသူတွေဆီကဒေါ်လာအဝင်များတဲ့အတွက်ဖြစ်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။

ရေနံအဓိကလုပ်ကိုင်နေသည့် အီရန် နှင့် အမေရိကန်တို့ စစ်ရေးတင်းမာနေချိန်မှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်းတစ်ဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

လက်ရှိစက်သုံးဆီဈေးနှုန်းများမှာ  92တစ်လီတာကို ၉၀၅ကျပ်၊ 95 တစ်လီတာကို ၉၉၅ကျပ်၊ ပရီမီယံတစ်လီတာကို ၉၉၅ ကျပ်နှင့် ဒီဇယ် တစ်လီတာကို ၉၈၅ကျပ်ဈေးပေါက်နေသည်။ ဇန်နဝါရီလ ၆ ရက်နေ့ ဈေးနှူန်းမှာ 92 တစ်လီတာကို ၈၉၅ ကျပ် ၊ 95 တစ်လီတာကို ၉၈၅ ကျပ်၊  ပရီမီယံ တစ်လီတာကို ၉၈၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၉၇၅ ကျပ်ရှိခဲ့တာကြောင့်  စက်သုံးဆီဈေးနှုန်းတွေက တစ်လီတာကို ကျပ်တစ်ဆယ်ခန့် မြင့်တက်ခဲ့သည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...