KIO ဗဟိုဌာနချုပ် နယ်မြေပေါ် ဂျက်တိုက်လေယာဉ် တစ်စီး အကြိမ်ပေါင်းများစွာ ပျံဝဲ

KIO ဗဟိုဌာနချုပ် နယ်မြေပေါ် ဂျက်တိုက်လေယာဉ် တစ်စီး အကြိမ်ပေါင်းများစွာ ပျံဝဲ
 KIO ဗဟိုဌာနချုပ်ပေါ် ၅ကြိမ်ထက် မနည်း ပျံသန်းလေ့လာခဲ့တဲ့ ဂျက်တိုက်လေယာဉ် ၁စီး၊ ဇန်နဝါရီလ ၇၊ ၂၀၂၀။
KIO ဗဟိုဌာနချုပ်ပေါ် ၅ကြိမ်ထက် မနည်း ပျံသန်းလေ့လာခဲ့တဲ့ ဂျက်တိုက်လေယာဉ် ၁စီး၊ ဇန်နဝါရီလ ၇၊ ၂၀၂၀။

ကချင်ပြည်နယ် တရုတ်နယ်စပ် KIO ဗဟိုဌာနချုပ် နယ်မြေများပေါ်  ဇန်နဝါရီ ၇ ရက် အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ် ၁ စီး  ငါးကြိမ်ထက်မက ပျံသန်းခဲ့ကြောင်း KIO တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာ့တပ်မတော်ပိုင်လေယာဉ်ဟု ယူဆရသော အဆိုပါ အဖြူရောင် ဂျက်တိုက်လေယာဉ်သည် မွန်းလွဲပိုင်း ၂ နာရီနောက်ပိုင်း KIO/KIA ဌာနချုပ် နှင့် တပ်စခန်းများပေါ် အချိန် (၂)နာရီကျော်ခန့်ကြာ ထပ်ခါထပ်ခါ ပျံသန်းခဲ့ပြီး တရုတ်နယ်နိမိတ်အတွင်း Na Bang၊ Yinjiang နှင့် Jang Hkong ဘက်ကိုလည်း ကျူးကျော် ပျံသန်းခဲ့သည်ဟု လိုင်ဇာဒေသခံများ ပြောသည်။

“မိမိတို့ KIA စစ်တပ်စခန်းတွေဘက်မှာပဲ ပျံဝဲနေတာ။ ရေချောင်းအတိုင်း လျှောက်ပျံသန်းတာတော့ မဟုတ်ဘဲနဲ့ KIA စခန်းတွေပေါ်မှာပဲ လေ့လာပျံသန်းတာ ဖြစ်နေပါတယ်” ဟု KIA အရာရှိတစ်ဦး ပြောသည်။

KIO/KIA ဗဟိုနယ်မြေ Laiza (လိုင္ဇာ)၊ Laisin Bum (လိုင်စင်) နှင့် Mai Ja Yang (မိုင်ဂျာယန်)တလျှောက် KIA တပ်စခန်းများပေါ် ဦးတည်ကာ ပျံဝဲခဲ့သည့်အတွက် မြန်မာ့တပ်မတော် ဂျက်တိုက်လေယာဉ် ဖြစ်နိုင်ကြောင်း ခန့်မှန်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဇန္နဝါရီ ၆ ရက်နေ့တွင် KIO နှင့် ရခိုင် AA ခေါင်းဆောင်များ တရုတ်အစိုးရကိုယ်စားလှယ်တို့ဖြင့် လိုင်ဇာမြို့တွင် သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်တွင် ယခုလို ဌာနချုပ်နယ်မြေများပေါ် ဂျက်လေယာဉ် ပျံဝဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တရုတ်ကိုယ်စားလှယ်များနှင့် ကိုးကန့် MNDAA၊ တအာင်း TNLA ခေါင်းဆောင်တို့သည် ဒီဇင်ဘာလအတွင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

အထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၄)ဖွဲ့တို့သည် မြန်မာအစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်လက်မှတ်ထိုးရေး ယခုလကုန်အတွင်း ဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...