ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဦးစိုးထက် ပျောက်ဆုံးနေသည့်သတင်း မဟုတ်မှန်ဟုဆို

ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဦးစိုးထက် ပျောက်ဆုံးနေသည့်သတင်း မဟုတ်မှန်ဟုဆို

ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် ပျောက်ဆုံးနေသည်မှာ မဟုတ် ဘဲ ဖုန်းလိုင်းမမိသည့် နေရာရောက်နေခြင်းသာ ဖြစ်ကြောင်း  ခူမီး ချင်းမျိုးနွယ်စု များဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီ(KACC) မှ ညှိနှိုင်းရေးမှူး ဦးစောမြက မဇ္ဈိမသို့ ပြောသည်။

ဦးစိုးထက်မှာ ဇန်နဝါရီလ ၇ ရက်က ၎င်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး လက်နက်ကိုင် အဖွဲ့ အစည်း တစ်ခုခုက ဖမ်းဆီး ခေါ်ဆောင်သွားသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

KACC မှ ညှိနှိုင်းရေးမှူး ဦးစောမြက “ ကျွန်တော်တို့ ပြန်စုံစမ်းပြီးပြီ၊ ဖမ်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။ နယ်ဆင်းနေလို့ ဖုန်းလိုင်း မမိတဲ့ နေရာကို ရောက်နေလို့ အဆက်အသွယ် ပြတ်နေတာပါ” ဟု ပြောသည်။

ဝန်ကြီးဦးစိုးထက်မှာ အိန္ဒိယနိုင်ငံ နယ်စပ်တွင် လျှပ်စစ်ကိစ္စနှင့် ပတ်သက်ပြီး ကွင်းဆင်း ဆောင်ရွက်နေရာ ဖုန်းလိုင်းမမိသည့်အတွက် အဆက်အသွယ် ပြတ်တောက်ခြင်းသား ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီခန့်အထိ ဝန်ကြီးဦးစိုးထက်၏ လက်ကိုင်ဖုန်းမှာ စက်ပိတ်ထားသည်ဟုသာ အကြောင်း ပြန်ထားသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ကြား တိုက်ပွဲ များ ဖြစ်ပွားနေရာ AA အဖွဲ့မှ  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အမှတ် (၁၁) မဲဆန္ဒနယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က AA အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်သွားမှုကို ခံရသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌဖြစ်သူ ဦးရဲသိန်း သေဆုံးခဲ့ရမှုများ ရှိသည်။

ထိုသေဆုံးမှုနှင့် ပတ်သက်ပြီး AA ဘက်က  တပ်မတော်နှင့် ၎င်းတို့ကြား တိုက်ပွဲ ဖြစ်ပွားစဉ် တပ်မတော်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလထဲမှာပဲ ထုတ်ပြန် ခဲ့သည်။

တပ်မတော်ဘက်ကလည်း ၎င်းတို့နှင့် မပတ်သက်ဆိုင်ဘဲ AA ၏ ဖမ်းဆီး နှိပ်စက်မှုကြောင့်သာ သေဆုံးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...