ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန် ကိုင်ဆောင်သည့် BGF တပ်ဖွဲ့ဝင်ဟောင်းအချို့ ဖမ်းမိ

ငွေစက္ကူအတုဟု ယူဆရသော တစ်သောင်းတန် ကိုင်ဆောင်သည့် BGF တပ်ဖွဲ့ဝင်ဟောင်းအချို့ ဖမ်းမိ

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ကနောင်မင်းသားကြီးလမ်းဆုံမီးပွိုင့်တွင် မြန်မာငွေစက္ကူအတုနှင့် အစစ်လဲလှယ်ရန်အတွက်လာရောက်သော Nissan AD Van အဖြူရောင် ယာဉ်အား ဒီဇင်ဘာ ၂၂ရက်နေ့နံနက်ပိုင်းက သတင်းအရ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ တစ်သောင်းတန် ၃၉၆၈ ရွက်ကို သိမ်း ဆည်းရမိခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းကသိရသည်။

မြန်မာငွေစက္ကူ အတုနှင့် အစစ် လဲလှယ်မည်ဟု သတင်းရရှိခဲ့သဖြင့် လဲလှယ်မည့်သူများ တည်းခိုနေထိုင်သည့် တည်းခိုခန်းတွင် စောင့်ဆိုင်းကာ လဲလှယ်ရန်အတွက် ထွက်ခွာသွားစဉ် ယခုကဲ့သို့လက်ရ ဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်ပေါ်ပါလာသူ ငါးဦးတွင် BGF တပ်မ ၁၀၂၃၊ စီးပွားရေးတာဝန်ခံ(ဒုဗိုလ်အဆင့်ရှိ ကာ လွန်ခဲ့သောနှစ်လခန့်က တပ်မှထွက်ခဲ့သူ)၊ BGF စီးပွားရေးတာဝန်ခံ(တပ်ကြပ်ကြီး အဆင့်ရှိကာ လွန်ခဲ့ သောငါး လခန့်က တပ်မှထွက်ခဲ့သူ)၊ BGF(သတင်းပေး)နှင့် အရပ်သားနှစ်ဦး စုစုပေါင်း ငါးဦးဖြစ်ကြောင်းသိရ သည်။ ဖမ်းဆီးရမိသူများသည် ရန်ကုန်မြို့တွင် နေထိုင်သူများ ဖြစ်ကြောင်း ရဲတပ်ဖွဲပ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယခုဖြစ်စဉ်အတွက် (ပ)၅၅၁/၂၀၁၉၊ ၂၀၁၃ခုနှစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၆၊ ၁၀၇ တို့ဖြင့် အမှုဖွင့်လှစ် ထားရှိကြောင်းသိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...